Ep13

1.9K 128 13
                                    

"ကျစ် ကိုကိုရာ "

မချိတင်ကဲလေး ရေရွတ်လိုက်တယ့် ရိုင်းဧက္ကရာဇ်အသံဟာ
ရုံးခန်းလေးထဲတွင် ပျံ့လွင့်သွားလျှက်
မနက်က အနည်းငယ်မှိုင်းနေတယ့် မျက်နှာလေးကို ပြန်မြင်ယောင်တယ့်အခါ
ရိုင်းရဲ့ အသည်းနှလုံးကို ဆီပူအိုးထဲထည့်ကြော်နေသလို

စိတ်ပူတာကြောင့် အလုပ်တွေလည်းတစ်ခုမှကို
ဆက်လုပ်လို့မရတော့
မနက်ကတည်းက ကိုကို့ရုံးကို လိုက်သွားရမှာ
အခုတော့ ရိုင်းမှာ မီးခဲဖင်ခုထိုင်မသလို
ထိုင်မရ ထမရ ရှေ့က စစ်ရမယ်Fileတွေဆိုတာလဲ
ဒီနေ့မှ ရွဲ့နေသလားမှတ်ရအောင်
အထပ်လိုက်

နောက်ဆုံးတော့ မနေနိုင်လွန်းတယ့် စိတ်ကြောင့်
ဖုန်းကိုထုတ်ကာ
ကိုကို့ဆီကို vc callခေါ်ရန် လုပ်လိုက်တော့သည်။

လွန်းသုထက် စကားပြောနေရင်းနဲ့ပင်
ဖုန်းဝင်လာတာကြောင့် ကြည့်တော့
မောင့်ဆီက vc callခေါ်လာသည်မလို့
ထုတ်ကိုင်လိုက်တော့

တစ်ဖက်က မောင့်မျက်နှာဟာ
မျက်ခုံးအစုံတို့ တွန့်ကွေးနေလျက်

*ဟင်း ဒီကောင်လေးကတော့
အဖိုးအိုလေးဖြစ်တော့မယ်
အရမ်းကို မျက်မှောင်ကုတ်လွန်းအားကြီးတယ်*

"ကိုကို အခု ဘယ်ရောက်နေတာလဲ"

"ကိုယ်တို့ companyက အဖွဲ့မှူးရဲ့ သမီးလေး
စေ့စပ်ပွဲကို လာပြီး ဂုဏ်ပြုပေးနေတာပါမောင် '

လွန်းသည် မောင့်အဖြေကို ပြန်ဖြေရင်းနဲ့
လိုက်နှူတ်ဆက်နေတယ့်
အဖွဲ့မှူးဘက်ကို ဖုန်းလှည့်ပြလိုက်တော့
မောင်က ဖုန်းထဲကနေ တကယ်ဟုတ်မဟုတ်ကြည့်ရင်း
ဘယ်သူတွေပါလဲဆိုကာ စစ်မေးသေးသည်။

"စိတ်ချပါမောင်ရယ်
ကိုယ် ဒါပြီးရင် အိမ်ဘဲပြန်လာတော့မှာ"

"မောင်က ကိုကိုနေမကောင်းမှာကို
စိတ်ပူတယ် "

"ကိုယ်သိပါတယ်မောင်ရယ်
အရမ်း စိတ်မပူနဲ့တော့နော် မွှစ် မွှစ် "

ချော့ပြောကာ
အနမ်းတွေလှမ်းပေးတယ့်
ကိုကိုကြောင့် လူက
အခုလျက်ချင်းပင် ကိုကိုရှိရာကို
အပြေးသွားချင်လာသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now