Ep21

1.6K 103 2
                                    

"မောင်ရေ မောင်!!!!"

အိပ်ခန်းထဲကနေ ထွက်လာတယ့်
လွန်းဟာ မောင့်ကို မတွေ့တာမို့ တကြော်ကြော်အော်ခေါ်လျက်
မီးဖိုခန်းဆီသို့ ခြေလှမ်းတွေကို
ဉီးတည်လိုက်ကာ
ကုတ်အပေါ်ထပ်လေးကို ဆွဲကိုင်လျက်သွားတော့
မောင်ဟာ ကလေးတွေနဲ့ စကားတပြောပြော
မနက်စာကို နောက်ခိုင်းပြင်ဆင်နေတာမလို့
လွန်းကိုမတွေ့ပေ။

လွန်းကတော့ မနက်စာစားရင်း
လေမုန်တိုင်းတိုက်နေကျတယ့် ကလေးတွေကို
ပါးလေးတွေ တစ်ချက်ဆီကို အနမ်းပေးလိုက်ရင်း
မောင့် နောက်ကျောကိုပါ ဖက်လိုက်သည်။

"ဆင်းလာပြီလား ကိုကို
ခနလေးနော် မောင်ကိုကို့အတွက်
ထမင်းနဲ့ပဲပြုတ်နယ်တာပြီးတော့မယ်"

"အေးဆေးလုပ်ပါ ကိုယ့်အိမ်ရှင်ထီးလေးရဲ့
ကိုယ် ဗိုက်မဆာသေးဘူး ဟုတ်ပြီလား"

လွန်းအပြောကို ခေါင်းငြိမ့်ပြတယ့်မောင်က
ပါးလေးတစ်ဖက်ကို ဖောင်းပေးတာကြောင့်
လွန်းသုထက်သည်လဲ
နှာခေါင်းထိပ်လေးပင်
မောင့်ပါးထက် နစ်ဝင်နေအောင်ကို
နမ်းပစ်လိုက်သည်။

ထို့နောက် မောင်ပြင်ဆင်ထားတယ့်
ပန်းကန်တွေကို နေရာချကာ
လွန်းကတော့ ထမင်းဘူးတွေကို
ပြင်ပေးလျက်
မနက်စောစော ထမင်းဝိုင်းလေးမှာ
ကလေးတွေ တစ်နေ့တာအတွက်
ဘာတွေလိုအပ်လဲ
အစစအရာရာ အဆင်ပြေရဲ့လား
မေးဖြစ်ကြသည်။
ထို့နောက်တော့
ကလေးတွေကို လွန်းမှာ ကားပေါ်ပွေ့တင်ကာ
မောင်နဲ့အတူ ကျောင်းလိုက်ပို့ဖြစ်သည်။

........ ...... ........... .............. ................

ကလေးတွေကို ကျောင်းပို့ပြီးတော့
တစ်ပတ်စာအတွက် ချက်ဖို့ဝယ်ထားစရာတွေလိုတာကြောင့်
ဈေးလိုက်ပို့မယ် ဆိုတယ့်မောင်ဟာ
တကယ်တော့ လွန်းနဲ့ နှစ်ယောက်တည်း Dateခြင်နေတာ ။
ကားမောင်းတည်းကာ
လွန်းရဲ့ လက်တစ်ဖက်ကိုဆွဲကာ
ပြုံးစိစိနဲ့မောင်ဟာ
လွန်း သွားမယ့်နေရာကို
ကုန်တိုက်တွေလိုမျိုး ရိုလို့ရမယ့်နေရာလို့
ထင်နေတယ် ထင်ပါရဲ့။

တရွေ့ရွေ့နဲ့ကားလေးဟာ
လွန်း စားနေကျ စားသောက်ဆိုင်လေးမှာ
ပါကင်ထိုးပြီးတာနဲ့
ခြင်းတောင်းကို ယူကာ
လွန်းတစ်ခါတည်း ဆင်းလိုက်တော့
မောင်ကလဲ နောက်ကနေ လိုက်လာကာ
ခြင်းတောင်းကို ကိုင်ပေးလေရဲ့။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now