Ep3

3.9K 229 6
                                    

"A.B.C.D.E.F.G
H.I.J.K .M.N.L.O.P"4

ABCD အက္ခရာလေးတွေကို
သီချင်းလိုဆိုကာ 
လက်ခုပ်လေးတီးရင်း စည်းချက်လိုက်နေကြသူများ
သူတို့လေးယောက်ကိုကြည့်ကာ
ရိုင်းဧကရာဇ်သည်လည်း
ကားမောင်းရင်း ပြုံးရယ်နေလေသည်။

လွန်းသုထက် တို့က ကားနောက်ခန်းမှာ
ထိုင်နေကာ
မောင်ကတော့ ကားရှေ့ခန်းမှာ
ကားမောင်းနေလေရဲ့
သီချင်းသံလေးတွေကို လက်ခုပ်လေးတီးရင်း
သီဆိုနေတယ့် ကလေးလေးတွေကြောင့်
လွန်းသည်လည်း လိုက်ဆိုကာ
သီချင်းလေးလည်းပြီးရော
ကလေးတွေကို ဆုချသည့်အနေနဲ့
အနမ်းတွေကို
ပါးဖောင်းဖောင်းလေးတွေထက်သို့
မွှေးကြူပစ်လိုက်သည်။

"ခစ်ခစ် ယားတယ် ပါပါး"3

"ပါပါး "

"ဗျာဗျာ့ "

အငယ်လေး သုထက်လေးရဲ့ အသံကြောင့်
လွန်းသုထက် ပါးဖောင်းလေးကို
လက်ကလေးနဲ့အသာထိ၍ ပြန်ဖြေလိုက်သည်။

"ဗိုက်ဆာတယ် မုန့်မုန့်စားမယ်ပါပါး"

မျက်လုံးဝိုင်းလေးတွေနဲ့
ပေါင်ပေါ်ကို ကုပ်ဖက်တက်လာတယ့်
သုလေးကြောင့်လွန်းသုထက်
ပြုတ်မကျစေရန် ရင်ဘက်ပေါ်တင်ကာ
ပွေ့ထားလိုက်သည်။
အင်း လက်တစ်ဖက်ကလည်း
ကားမှန်ကို မျက်နှာကပ်ကာ
အပြင်ကို ငေးနေတယ့် မောင်နှမနှစ်ယောက်ကို
ထိန်းထားရင်းပေါ့

"ပါပါး ဗိုက်ဆာတယ် "

"မစားရဘူးလေ သားသားရဲ့
အခုက ထမင်းစားဖို့သွားနေတာလေ
အဲ့တော့ ခနလေးစောင့်ဦးနော်"

လွန်းသုထက်ရဲ့ စကားအဆုံး
သုလေးသည် ဟွန့်ခနဲဆို
နှုတ်ခမ်းလေးကို ဆူသွားပြီး
ရင်ဘက်လေးထဲ ခေါင်းလေးတိုးဝင်လာသည်။
အမယ် အဆိုးလေး
လာတော့မယ် ဥာဏ်နီဥာဏ်တွေထုတ်တော့မယ်

အဲအဲ ကြည့်
ချက်ချင်း မျက်နှာလေးကို
မဲ့ကာ
မျက်လုံးဝိုင်းလေးတွေကို
ခွေးပေါက်လေးတွေလို
လုပ်ထားပြီး လက်ကလေးက
ရင်ဘက်က လည်စည်းလေးကို ဆွဲလာပြီ။

"ပါပါး~~~~"

"ပြောပါခင်ဗျာ "

"သုလေးကလေ "

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now