Ep7

2.7K 164 2
                                    

သာယာတယ့် မနက်ခင်းလေး
တိတ်ဆိတ်နေတယ့် အိမ်ကြီးရဲ့
မီးဖိုခန်းလေးတွေတော့
မနက်စာအပြင် နေ့လည် ထမင်းဘူးတို့အတွက်
ချက်ပြုတ်နေသူတစ်ဦး
ဆံပင် အရှည်တို့ကို ခွေခေါက်ကာ လှန်တင်ထားပုံက
ကပိုကရိုရယ်
ညဝတ်အပါးလေးက
ဟင်းချက်နေတာကြောင့် ဖွင့်ထားတယ့်
ပြတင်းပေါက်က နေရောင်ခြည်လေးကြောင့်
ပိုမို ပါးသွားသယောင်ဖြစ်နေကာ

ခါးသေးသေးလေးဘေးက
ဆူးခတ်ပုံတွေနဲ့တက်တူးလေးက ပိုပြီး
သေးသွားစေသလို
ချက်ပြုတ်နေတယ့် လက်ချောင်းသွယ်သွယ်တွေက
နူးညံ့စွာ
ထိုသူကတော့ ရိုင်းစံအိမ်ရဲ့ လူတိုင်းရဲ့
အသည်းအသက် လွန်းသုထက်ပင်။

ပုံမှန်အတိုင်း ကျောင်းဖွင့်ရက် ရုံးဖွင့်ရက်အစဖြစ်တယ့်
တနလင်္ာနေ့
ထနေကျအချိန်ပင် နိုးစက်ကလေးပေးကာထ၍
ညကတည်း ပြင်ဆင်ထားတယ့်
အသားနဲ့ အရွက်တွေကိုယူကာ
ချက်နေဖြစ်သည်။
မနက်စာအတွက်ကတော့
ကြက်ဥ ဟက်ဘိွုင်လေးနဲ့
ထမင်းအဖြူပူပူလေး
နောက် ကလေးတွေအတွက် နွားနို့လေး
မောင့်ကိုတော့ အပြောင်းအလဲဖြစ်အောင်
လက်ဖက်ရည်ထုတ်လေးကို နှပ်ပေးထားသည်။

ထို့နောက် မနက်စာဖြစ်သော ကြက်ဥကိုသာ
ကြောရန် ကျန်တော့သည်။
ကြက်ဥလေးကို ဆီပူပူလေးနဲ့​ဖောက်ထည့်ကာ
အနှစ်ကို ပုံမပျက်စေရန်
ဆီပူလေးတွေလောင်းကာ
ဂရုတစိုက်လုပ်နေသည့် လွန်းသည်
မိသားစုအတွက်မလို့ အချစ်တွေပါထည့်ကာ
နှုတ်ခမ်းလေးကပြုံးနေသေးသည်။

ထို့နောက် ဟင်းချက်တယ့်အကြော်ဇွန်းကို
ကိုင်ထားတယ့် လက်ကလေးသည် ဇက်ခနဲ
အကြောင်းကတော့
ခါးကို တင်းနေအောင်ဖက်ကာ
ဂုတ်ပိုးအား နှာခေါင်းချွန်ချွန်တို့ဖြင့်
နမ်းလိုက်လေတယ့်
မောင်ကြောင့်ပင်။

လွန်း ကြက်ဥလည်းကြော်လို့ပြီးပြီးမလို့
မီးပိတ်ကာ မောင်ရဲ့လက်ကလေးကို
ထပ်ကိုင်လိုက်သည်။

"မောင်က နိုးနေပြီပေါ့
ကိုယ်က ဒါလေးကြော်ပြီးမှ
လာနိုးမလို့ကို "

လွန်းရဲ့ စကား​လည်းပြီးရော
ပြန်မဖြေတယ့်
မောင်သည် ပိုတိုးလို့ဖက်ကာ ခေါင်းလေးအား
မှီထားရင်း
ပြန်ငိုက်နေပုံပင်

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now