Ep19

1.9K 125 2
                                    

မနက်တိုင်း အိပ်ယာထနေကျ အချိန်ရောက်တာနဲ့
အကျင့်ဖြစ်နေကာ
လွန်းသုထက် နိးလာပြီး ဆက်အိပ်၍မရတော့ပေ။
ကိုယ်ပေါ်ကနေ ဟိုတစ်စဒီတစ်စ လွတ်နေတယ့် စောင်တွေကို ပြန်လည်ဆွဲယူလို့
ကိုယ်လေးကို လုံအောင်ဆွဲဖုံးရင်း
နောက်ကနေ ဖက်ကာ အိပ်ပျော်နေတယ့်
မောင်ရဲ့ နှုတ်ခမ်းကို
ခပ်ဖွဖွနမ်းလိုက်သည်။

"မွှစ် မောနင်းမောင် "

"မောနင်း ကိုကို "

"နိုးနေတာကြာပြီလား"

"အွန်း နည်းနည်းကြာပြီ
ကိုကိုရဲ့ ပုံစံလေးက
မောင့်ကို ဆွဲဆောင်လွန်းနေလို့
ငြိမ်နေတာ"

"မောင်ကတော့ကွာ "

"နာနေသေးလား မောင်ဆေးလိမ်းပေးထားတယ် သက်သာရဲ့လား"

လွန်းရဲ့ ခါးလေးပေါ်ကို ရောက်လာကာ
မေးတယ့် မောင့်အမေးကြောင့်
လွန်းသုထက် ညက အကြောင်းတွေထဲက
သူရစ်ရမှာကို သတိရကာ
လက်ကို ရိုက်လိုက်သည်။

ထိုအခါ တစ်အားအားအော်နေတယ့်
မောင်က မသိရင် လက်ဘဲ ကိုယ်က
ချိုးလိုက်သလိုလို
ကောင်ဆိုးလေး ဒီက ချစ်လို့
နာအောင်လဲ မရိုက်ဘဲနဲ့။

"မောင်အရမ်းဆိုးတယ်သိရဲ့လား
အဘိုးအိမ်ရောက်နေလို့
မလုပ်ပါနဲ့ဆို မရဘူး
ကိုယ်အငတ်ထားတာလဲ မဟုတ်ဘဲနဲ့
ပြောမရဆိုမရနဲ့ မောင်ကတော့လေ"

"မောင် က ကိုကို့ကိုချစ်လို့
လိုချင်မိတာပါ ကိုကိုမကြိုက်ရင်
မောင် ထိန်းချုပ်ထားပါ့မယ်။"

ရုပ်တည်လေးနဲ့ တည်ငြိမ်စွာ ပြောလာတယ့်မောင်ကြောင့်
လွန်းမှာ နောက်ခိုင်းဖြစ်နေရာက​ေိ
ချက်ချင်း လှည့်လိုက်ကာ
မောင့်ရဲ့ ရင်ဘက်ပေါ်ပင် ခေါင်းလေးတင်ကာ
မောင့် ရင်ဘက်ပေါ်မှာ လှဲနေလိုက်သည်။

"မောင် ကိုယ်ပြောတာက အဲ့သဘောမဟုတ်ဘူးလေ"

"ရပါတယ် ကိုကို
မောင်က ကိုကိုရှိနေရင် ရပြီ
သိပ်မတွေးနဲ့နော် "

ပြောခြင်ရာ ဇွတ်ပြောနေတယ့်မောင်
ကြောင့် လွန်းသုထက်မှာ
မောင့်ရဲ့ ပါးလေး နှစ်ဖက်ကို လက်ကလေးနဲ့ထိန်းကိုင်ရင်း
အကြည့် ချင်းစုံစေရသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now