Ep30

1.6K 98 7
                                    

"အယ် မောင်ကပြန်ရောက်နေပြီလား"

လွန်းအခန်းထဲဝင်လာတော့ မျက်မှန်အမည်းလေးတပ်ကာ
လပ်တော့ကြည့်ရင်း အလုပ်လုပ်နေတယ့်မောင့်ကို
တွေ့တာကြောင့် ပြောလိုက်ခြင်းပင်။
ဘေးနားကစားပွဲမှာလဲ အေးစက်နေတယ့်
ညစာပန်းကန်နဲ့ မောင်ကတော့လေ
ပေတေနေပြန်ပြီ

"ဟုတ် ကိုကို မောင်သားတို့ကို သိပ်ပြီးတည်းက
ရောက်နေတာ အွန်း နာရီဝက်လောက်ရှ်တော့မယ်"

လွန်းသုထက် မောင့်ရဲ့အပြောကို
ခေါင်းငြိမ့်ပြလို့ ပြန်ဖြေရင်း
တစ်နေကုန် စီစဥ်စရာရှိတာ
စီစဥ်ထားတာကြောင့်
လူက ငြီးစီစီဖြစ်နေတာမလို့
ရေချိုးခန်းထဲဝင်ရန် ပြင်လိုက်သည်။

ဟင်းးးး ပေတေပြီး
ညစာအတူတူစားဖို့စောင့်နေတယ့်
ကောင်ဆိုးလေးကိုတော့ သူဘဲ
ရေချိုးပြီးလို့ ဟင်းနွေးပြီးမှ
ခွံ့ကျွေးလိုက်တော့မည်။

ရိုင်းဧကရာဇ်ကတော့ စာရင်းတွေလုပ်လို့ပြီးတော့ မျက်နှာထက် အပြုံးတွေ ဖြစ်ပေါ်လာသည်။

အလုပ်တွေလုပ်နေတာ အကုန်ပြီးပြီ
နောက်ရက်တွေကလဲ အလုပ်ပါးတာကြောင့်
သားတို့နဲ့ ကိုကို့ကို အချိန်ပေးလို့ရပြီ။
အလုပ်လုပ်တာကြာတာကြောင့်
ငြောင်းညာနေတယ့် ဇတ်တို့ကို
ဘယ်ညာစောင်းတော့ ဖြောက်ခနဲ
မျက်စိလေးမှိတ်လို့ ရိုင်းမျက်မှန်လေးကို
စားပွဲပေါ်တင်ရင်း
ခန မျက်လုံးတွေကို
အညောင်းဖြေလိုက်သည်။

အားယို့ ငြောင်းလိုက်တာ
အားတင်းထားစမ်းပါ ရိုင်းဧကရာဇ်ရာ
ဒါပြီးရင် မင်းကိုကိုအနားကပ်လို့ရပါပြီ။

ထို့နောက်အတွေးတို့ကို ဖြတ်ကာ မျက်စိလေးကို
မှိတ်ထားတော့
နှာဖူးကြောလေးတွေနဲ့ နားထင်နားလေးကို ရောက်လာတယ့် အေးနေတယ့်လက်ကလေးနဲ့ ငြင်သာတယ့် အထိအတွေ့
ရိုင်း ကိုယ်နံ့လေးရရုံနဲ့ ကိုကိုဆိုတာ
သိတာကြောင့် ငြိမ်နေလိုက်တော့
ကိုကိုရဲ့ ခပ်ဟဟရယ်သံလေးဟာ
ရိုင်းရဲ့နားထဲသို့ ချိုမြိန်စွာ
ဝင်ရောက်လာသည်။

လွန်းသုထက် ရေချိုးပြီးလို့ ရေချိုးခန်းဝတ်စုံလေးဝတ်ကာ ထွက်လာတော့
မျက်လုံးတွေ
ညောင်းနေပုံရသည့်မောင်ကြောင့်
ခြေသံဖွဖွနင်းကာ
အိမ်ကအိမ်ထောင်ဦးစီးလေးကို
နှိပ်ပေးလိုက်တော့ မောင်ဟာ
နှုတ်ခမ်းလေးကော့တက်ကာ ပြုံးလို့
ငြိမ်နေလေရဲ့။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now