Ep37

1.5K 77 1
                                    

"မောင်အပူရှပ်ဦးမယ်လေ"

"လာပါ ကိုကိုရဲ့ ဘာမှမဖြစ်ဘူး"

ကမ်းခြေမှာ ပြေးလွှားနေတယ့်
မောင့်ကိုပြောတော့
မောင်ဟာ ဇွတ်တရွတ်လေး
လွန်းသုထက်ရဲ့ လက်ကလေးကို
ဆွဲကာ
ရေတွေရှိရာကို ခေါ်လေသည်။

ကမ်းခြေလေး
မောင်နဲ့ လွန်းပထမဆုံးနှစ်ယောက်အတူတူ
လာလည်ဖူးတယ့်
ထိုင်းက ကမ်းခြေလေးကို
အခုနှစ်ယောက်လုံးရောက်နေကြတာ
အလုပ်တွေဆိုတာကလဲ
လွန်းရော မောင်ရောက
အနားယူလိုက်ပြီ
သားငယ်လေးနဲ့ မင်းကမ္ဘာတည်က
အိမ်မှာဘဲ အနီးကပ်နေပေးတယ်။

သားကြီးကတော့ အခုမြန်မာနိုင်ငံမှာ
အခြေချတယ်
သမီးလေးကတော့ သရုပ်ဆောင်လုပ်မယ်ဆိုတာကနေ
ခုတော့ ဟိုတယ်တွေဖွင့်လို့
ခရီးသွားကာ နယ်တစ်ကာလှည့်နေလေသည်။

လွန်းနဲ့မောင်ကတော့
ခုလို လူကြီးပီပီအာဏာနဲ့
ကလေးတွေကို အိမ်စောင့်ထားခဲ့ကာ
ကမ်းခြေကို ထွက်လာကြခြင်းပင်။

"လာကိုကိုမောင့်ကျောပေါ်တက်"

"မောင်မဟုတ်တာတွေ မလုပ်စမ်းနဲ့ကွာ
အသက်ဖြင့်ကြီးနေပြီ
ခါးနာနေမှ"

"ကိုကိုနော် မောင်အသက်မကြီးသေးပါဘူး"

ပြောရင်းနဲ့မှ
ပါးစောင်ကို လျှာနဲ့ထိုးကာ
အကြည့်စူးစူတွေပေးလာတယ့်မောင်ကြောင့်
လွန်းမှာ ကိုယ်လေးပင်တစ်ချက်တုန်ကာ
မဝံ့မရဲနဲ့မောင့်​ကျောပေါ်တက်တော့မှ
မောင်ဟာလေ
"အစတည်းက ဒီလိုလေးစကားနားထောင်ပေါ့တော့"
တကယ်ပါ အကြည့်စူးစူးလေးနဲ့
ခြိမ်းခြောက်တယ့်
ကြောင်ဆိုးလေး

ရိုင်းဧကရာဇ် ကျောပိုးကာ
ကမ်းစပ်လေးမှာ လမ်းလျှောက်တော့
ကိုကိုဟာ ကျောပေါ်မှာ
ပါးလေးကပ်လို့ ငြိမ်သက်စွာ လိုက်ပါလာလေသည်။

"ပျော်လားကိုကို"

"အွန်း​ပျော်တယ် "

"မောင်နဲ့အမြဲတမ်းအတူတူရှိနေပေးရမယ်နော်"

"စိတ်ချပါမောင် ကိုယ်မင်းနဲ့
အတူတူရှိနေပေးမှာပါ။"

နောက်ကျောပေါ်သို့ကျရောက်လာတယ့်
နှုတ်ခမ်းသားအထိအတွေ့လေးနဲ့
ကိုကိုရဲ့အပြောလေး
ယုံတယ်ကိုကိုဒီစကားကို
မောင့်ရဲ့ နှလုံးသားထဲကိုက
ယုံကြည်နေတာ။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now