Ep6

2.9K 174 3
                                    

"အင်း ကျွတ် ကျွတ် ပြန်အိပ်နော် ကိုကို"

ရိုင်းဧက္ကရာဇ်နိုးလာတော့
ရင်ခွင်ထဲကကိုကိုသည်လည်း
လှုပ်သွားသည်မလို့
ပြန်၍ ကျောလေးကိုသပ်ကာ
ပြန်အိပ်ပျော်စေရန် ငြိမ်နေလိုက်တော့
ကိုကိုသည် ရင်ဘက်ထဲကို ခေါင်းလေးတိုးဝင်ရင်း
ပြန်၍ အိပ်ပျော်သွားသည်။

ရိုင်း ငြိမ်ငြိမ်လေးနေနေရာမှ
ကိုကို့ကို ကြည့်နေမိသည်။
မောင် ချစ်ရတယ့် ကိုကို့ကို
မောင် ကိုယ်တိုင်ကနာကျင်စေမိသည်တဲ့လား
မခံမရပ်နိုင်ကိုယ့်ကိုကိုယ်ဖြစ်ကာ
ဝမ်းနည်းလွန်းလို့ ငိုမိသည်။
ရင်ခွင်ထဲက ကိုကိုရဲ့မျက်နှာကို
ကြည့်မိတိုင်း
ညက စိတ်လွတ်ခဲ့သမျှကို သတိရကာ
တင်းကျပ်လာသော ရင်ဘက်ကြောင့်
အောက် နှုတ်ခမ်းကို အံကြိတ်ကာ
ငိုနေမိသည်။

မောင်က ဆိုးလွန်းတယ့်ကောင်ပါ အချစ်ရယ်
မောင်ကြောင့်ဘဲ ကိုကိုနာကျင်နေရတယ်
ရိုင်း တွေးမိလေ ပိုဝမ်းနည်းကာ
ငိုမိနေလေပြီ။

အခုအချိန်မှာ ရိုင်းရဲ့ပုံစံဟာ
ဘာမှမထိန်းနိုင်တော့ဘဲ ငိုနေမိတာကြောင့်
အမေပျောက်သော ကလေးတစ်ယောက်နဲ့ပင်
တူနေသည်။

ပထမဆုံး ရိုင်း ကိုကိုရဲ့ပထမဆုံးအကြိမ်မှာလည်း
ကြမ်းတမ်းစွာရယူမိခဲ့သည်။
အခုလို ညက လုပ်ရက်မျိုးဆို
ကိုကို စိတ်ဆိုးလို့ ထားခဲ့ရင်တောင်
ရိုင်း လိုက်ရှာမည် မြေလှန်ရှာမည်ကလွဲရင်
စိတ်ဆိုးမိမှာမဟုတ်
ဘာလို့ဆို သူ့လုပ်ရက်သည်
လွန်လှသည် အချစ်ကို
မထိခိုက်​ေစရဘူးဆိုပြီး
သူ့ကိုယ်တိုင် ဒီလက်တွေနဲ့
ထိခိုက်စေမိသည်မဟုတ်လား။

လွန်းသုထက် အိပ်ပျော်နေရာမှ
တသိမ့်သိမ့်လှုပ်နေတာကြောင့်
ဆက်အိပ်မရတော့ဘဲ
နိုးလာတော့သည်။

ညဝတ်အင်္ကျီနက်ပြာလေးဟာ
ပုခုံးတစ်ဖက်လျောကျနေပြီး
ခါးထိရှည်နေတယ့် ဆံပင်အခွေတွေဟာ
လိပ်တင်ထားပေမယ့်
ဟိုတစ်စဒီတစ်စလည်တိုင်လေးမှာ
ကပ်ကာကျနေလေသည်။

လွန်းသုထက် မျက်လုံးလေးမပွင့်တပွင့်ဖြစ်နေရာမှ
ပါးပေါ်သို့ကျလာသည် ရေစက်တစ်ချို့ကြောင့်
ကြည့်လိုက်တော့
အံ့ကြိတ်ကာ ငိုနေတယ့်မောင်
လွန်း အလန့်တကြားထကာ
ငိုနေတယ့်မောင့်ကို ရင်ခွင်ထဲကို
ထည့်ထားလိုက်ရင်း
ငိုရှိုက်နေတယ့် ကလေးလေးကို
ကျောလေးသပ်ပေးနေမိသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now