Ep16

2K 117 4
                                    

မနက်ခင်းရဲ့ ရောင်ခြည်နွေးနွေးလေး
ပြတင်းပေါက်လေးဖွင့်ထားတာကြောင့်
လေပြေလေးနဲ့အတူ 
လှုပ်လီလှုပ်လဲ့ ဖြစ်သွားတယ့်
လိုက်ကာလေး
ပြတင်းပေါက်ဘောင်လေးမှာ နားနေကာ
အချင်းချင်း စကားပြောနေတယ့် ငှက်ကလေးနှစ်ကောင်

နားထဲတိုးဝင်လာတယ့် ငှက်လေးတွေရဲ့အသံကြောင့် လွန်းနိုးလာတော့
ကလေးတွေနဲ့ သူ့ကို ဖက်ကာ အိပ်ပျော်နေတယ့်မောင်
အိပ်ပျော်နေတာတောင် ကိုယ့်ရဲ့ မောင်ဟာ
အရမ်းကို ချောမောနေတာ
ချွန်နေတယ့် နှာတံလေး
တင်းတင်းလေးစိထားတယ့် နှုတ်ခမ်းတစ်စုံ
ထင်းနေတယ့် မေးရိုးတွေ
ပြည့်စုံလွန်းနေတယ့် ဒီလူသားလေးဟာ
သူ့ရဲ့ ချစ်ရတယ့် ယောကျာ်းတယ့်
အတွေးတို့နဲ့အတူ
လွန်း ပြုံးမိကာ ပါးလေးနှစ်ဖက်ဟာလဲ
ရဲကာ လက်ကလေးနဲ့ပင်
ကိုင်မိသည်။

ထို့နောက် ကိုယ်လေးကို အသာလေးလျှောလို့ မောင့်လက်ဆီက တိုးထွက်ရင်း
တဖြည်းဖြည်းချင်း ငုတ်တုတ်ထထိုင်ကာ
အိပ်ပျော်နေတယ့် မောင်ရဲ့ ပါးလေးကို
လွန်း ခိုး၍နမ်းမိသည်။
အခုလို ကလေးလေးတစ်ယောက်လို
အိပ်နေတယ့် မောင့်ကို နမ်းရတာ
လွန်း သဘောကျသည်။

လက်ထပ်လက်စွပ်လေးဝတ်ထားတယ့်
မောင့်လက်ကလေးကို စုပ်ကိုင်ကာ
လက်စွပ်လေးရှိရာကို
နှုတ်ခမ်းသားလေးနဲ့ ဖိကပ်လို့
မွှစ်ခနဲနေအောင် လွန်း မြတ်နိုးစွာ နမ်းမိသည်။

နမ်းပြီးလို့  ကလေးတွေကို ကြည့်ရင်း
လက်ကလေးတွေ ခြေလေးတွေကိုခေါက်ကာ
အိပ်နေတယ့် သားတို့ကြောင့်
သူ့မှာ နေရာချပေးရသေးသည်။
မတော် လက်ကလေးတွေ နာကုန်မှ

ထို့နောက် မောင့်မျက်နှာအားတစိမ့်စိမ့်ကြည့်မိတော့
ကြည့်နေရင်းနဲ့မှ
မျက်လုံးလေး တစ်ဖက်ပွင့်လာကာ
လွန်းကို မြင်၍ ချက်ချင်းအပြန်ပြန်ပိတ်သွားတယ့်
မောင်ကြောင့်
လွန်းမှာ ပါးစပ်ကို လက်ကလေးနဲ့အုပ်၍
သဘောတကျရယ်မိသည်။

မောင်က စောနတည်းက အိပ်ချိန်ယောင်ဆောင်နေတာပေါ့
လွန်း မောင့်ရဲ့ မျက်နှာနားကို တိုးကပ်ကာ
နှာဖူးကို လက်ကလေးနဲ့တောက်တော့
မောင်က ခုတော့မှ နိုးလာသလို
ဝှားခနဲ သန်းနေသေးသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now