Ep27

1.4K 83 2
                                    

ရေခဲပြင်စကတ်စီးတယ့် ကွင်းထဲမှာ
အတောင့်လိုက်ရပ်နေတယ့်
မောင်
လူက ​ကျောက်ရုပ်လိုရပ်နေတာမလို့
လွနိးအနားကို သွားတော့
မောင်သည် အနားကိုရောက်ခါနီးမှာ
လက်ကာပြကာ တားလေသည်။

"ဘာဖြစ်လို့လဲမောင်"

လွန်းရဲ့အပြောကို ဖြေတယ့် မောင်မှာ
မျက်နှာငယ်နဲ့ပြန်ဖြေလေသည်က

"မောင်လေ စကိတ်မစီးတတ်ဘူး"

မောင့်စကားကြောင့်
လွန်းမှာ ရယ်ရခက် ငိုရခက်
စောနကအထိ ကားပေါ်မှာ
ရုပ်တည်နဲ့မောင်ဟာ
သူဘဲ စီးတတ်သလိုနဲ့
ရေခဲပြင်စကိတ်စီးဖို့ကို ခေါ်လာတာမလား။

ရိုင်းမှာတော့ ကိုကို့မျက်နှာလေးကို ခိုးကြည့်တော့ ရယ်ရခက် ငိုရခက်မျက်နှာနဲ့
ခနလောက်ကြာတော့
ခွီးခနဲရယ်ချလိုက်တယ့် ကိုကိုကြောင်​ြ
ရိုင်းမှာ နားရွက်ဖျားတွေပင်
ရဲတက်လာကာ
အနားကိုရောက်လာတယ့် ကိုကို့ကို ဆွဲလိုက်တော့
ကိုကိုက ရင်ခွင်ထဲဝင်လာရုံတင်သာမက
ရိုင်းပင် လဲကျကာ
ကိုကိုကတော့ သူ့ကိုယ်ပေါ်သို့
ထပ်ရက်ကျလျက်
အံ့ဩသလိုလေး ပါးစပ်အဟောင်းလေးနဲ့
ကိုကို့ကို
ရိုင်း နှုတ်ခမ်းလေးပြန်စိစေရန်
နှုတ်ခမ်းချင်းတည့်ကာ
ပြုလုပ်လိုက်တော့ ကိုကိုဟာ
မျက်နှာလေးရဲလျက်

"မောင်"ဆိုတယ့်အသံလေး
ထွက်လာလေသည်။

လွန်းသုထက်မှာလဲကျနေရာမှ
မောင့်ရဲ့ ရင်ဘက်ကို
ထုရိုက်လိုက်ရင်း မောင့်ကို စိတ်ပူသောကြောင့်
ဆူမိပါသည်။

"မောင်!! မင်းသိရဲ့လား
စောနက ချော်လဲတာ အခန့်မသင့်ရင်
နောက်စိပွင့်တတ်တယ် ကောင်စုတ်လေးရဲ့"

"စိတ်ပူအောင် လုပ်မိလို့တောင်းပန်ပါတယ်
ကိုကို
လာ မောင့်ကို ထူပါဦး"

"မထူဘူး"

"ကိုကိုမှ မထူရင်မောင်လေးဘက်ထောက်ပြီးသွားနေရမှာနော်
မောင် တကယ်မတ်တပ်ရပ်လို့တောင်မရဘူး"

"လာ ထ"

စိတ်ဆိုးခြင်နေသေးတယ့် ကိုကိုဟာ
ရိုင်းကို ပစ်မထားနိုင်စွာ
ဆွဲထူလေသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now