Ep9🚨

3.6K 141 2
                                    

လွန်း ခေါင်းအုံးလေးကို ဆွဲကာ
ကိုယ်လုံးလေးကို အလျှင်မြန်ဖုံးလိုက်ပေမယ့်
မောင်ကတော့ အကြည့်မလွှဲစွာ
လွန်းရဲ့ ကိုယ်လေးကို
ပေါက်ထွက်မတက်ကြည့်လေသည်။

ရိုင်းကိုကို့ကိုကြည့်လာကာ
အာခေါင်တွေပင် ခြောက်လာလေသည်။

ကိုကိုကတော့ ရိုင်းအကြည့်တို့ကြောင့်
ပါးပြင်လေးပင် ရဲသထက်ရဲလာကာ
ရှေ့ကို တိုးလာမိတယ့် ရိုင်းကြောင့်
လွန်းမှာ ခြေတွေလက်တွေအေးကာ
ဘာလုပ်ရမှန်းမသိ
ကိုယ်ပေါ်ကို အုပ်မိုးရန်
ပြင်နေတယ့် မောင်ကြောင့်

လွန်းသုထက်မှာ
တစ်မျက်နှာလုံး အရှက်သည်း၍
ပူထူလာကာ
အယောင်ယောင်အမှားမှားနဲ့
ဘေးနားကစောင်ကိုပင်
ဆွဲယူရင်း
တစ်ကိုယ်လုံးကို လုံအောင် ခေါင်းမူးခြုံပစ်လိုက်သည်။

ရိုင်း ကိုကို့ရဲ့ နှုတ်ခမ်းကို
နမ်းရှိုက်မလို့ ရှေ့တိုးရုံ ရှိသေးသည်။
စောင်ကိုခြုံကာ
အိပ်ပစ်လိုက်တယ့် ကိုကိုကြောင့်
ရယ်ရခက် ငိုရခက်
စောင်ထဲက ကိုကို့ကို
အသာလေး လက်ကလေးနဲ့ တို့လိုက်တော့
တုန်သွားတာကြောင့်

ရိုင်းမှာ သဘောတကျဟက်ခနဲ
ရယ်မိသေးသည်။
မောင့်ရဲ့ကိုကိုဟာ အခုထိ
အချစ်ပွဲတွေ ဆင်နွှဲလာတာများပြီ
ခုထိ အရှက်သည်းတုန်း
ရိုင်းမှာ စိတ်ထဲကနေ ပြောမိကာ
ကိုကို့ကို ပိုအသည်းယားသလို
ရိုင်းကိုယ်တိုင်သည်လည်း
အခုထိ စိတ်လှုပ်ရှားရစဲမလား။

စောင်လေးနဲ့ထွေးကာ အနှီးထုတ်လေး
ဖြစ်နေတယ့် ကိုကို့ကြောင့်
ရိုင်း သူဝတ်ထားသည့် အင်္ကျီကိုပင်
ကြယ်သီးတွေ ဖြုတ်ချလိုက်ကာ
ရင်ဘက်ဟပြဲနှင့်
စောင်လေးကို အသာလေးဆွဲယူလိုက်တော့
လှစ်ခနဲ ပေါ်လာတယ့် ပုခုံးသား
ဖွေးဖွေးလေး
ရှက်နေတာကြောင့် နီရဲနေတယ့်
နှာခေါင်းထိပ်လေးနဲ့
အကြည့်ချင်းမစုံရဲ ဖြစ်နေကာ
မျက်တောင်လေး တဖျက်ဖျက်ခတ်နဲ့
မျက်လုံးကစားနေတယ့် ကိုကိုဟာလေ
မသိရင် အခုမှ ဒီအခန်းထဲကို ရောက်ဖူးသလိုပင်

"ကိုကို "

ရိုင်းရဲ့ဆွဲဆောင်မှုရှိစွာ ခေါ်လိုက်တယ့်
အသံဩရှရှလေးကြောင့်
လွန်းသုထက် မောင့်ကို
မျက်လုံးဝိုင်းတွေနဲ့ကြည့်နေမိသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now