Ep29

1.4K 95 1
                                    

"Babyလေး"

လွန်းတစ်ယောက် ကားပါကင်ထဲကို
ဖြစ်သလိုသာ ထိုးခဲ့ပြီး
ကျောင်းအုပ်ရဲ့ ရုံးခန်းကိုရောက်လာတော့
အခန်းတံခါးကို တစ်ချက်သာခေါက်မိ၍
ဝင်လာလိုက်တော့
မျက်နှာမှာ အထိုးခံထားရတာကြောင့်
ဖူးယောင်နေတယ့် သားငယ်လေး

ရန်ဖြစ်တယ်ဆိုတာကြောင့် ထိခိုက်မှာကို
သိပေမယ့် ရင်ထဲကိုအတော်မကောင်း
ရင်ထဲက နှလုံးသားကို ဖျစ်ညှစ်လိုက်သလိုပင်။
ထက်ရှားနဲ့ဘေးမှာ ထိုင်နေတယ့်
သုလေးဟာ
သူ့ကိုတွေ့တာနဲ့ အင့်ခနဲငိုကာ
ပြေးလာသည်မလို့
လွန်းမှာ ဇက်ခနဲ ကောက်ပွေ့လိုက်ရသည်။

ငယ်စဥ်ကချီပြီးချော့သလို ချီထားကာ
သားငယ်လေးရဲ့ ခေါင်းလေးကို
ခပ်ဖွဖွ နမ်းရှိုက်မိသည်။

"အင့် ပါပါးဟင့်"

"တိတ်ပါကလေးရယ် တိတ်နော် ငိုရင်
ဒဏ်ရာနဲ့ ပိုနာကုန်မယ်လေ"

လွန်းချော့နေတုန်း အနားရောက်လာတယ့်
ခွန်း

"ရလားလွန်း ငါချီရမလား"

"ရတယ်ရတယ်ငါ့ကို ရေထဲတစ်ထုပ်နဲ့
အနာထည့်ဖို့ဆေးတွေသာ ဝယ်လာပေးပါနော်"

"အေးအေး ငါအခုသွားဝယ်ပေးမယ်"

ချက်ချင်းပြေးထွက်သွားပြန်တယ့် ခွန်း
လွန်းသုထက်ကတော့
သားငယ်လေးကိုချီကာ
ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ရှေ့က သားနဲ့ရန်ဖြစ်ထားပုံပေါ်တယ့်
ကောင်လေးဟာ
လက်မှာပါ ပတ်တီးနဲ့

သားငယ်ရဲ့ ဆံပင်လေးတွေကိုသာ
သပ်ပေးလို့ ကလေးငယ်ကို
ရင်ခွင်ထဲထည့်ရင်း ပွေ့ထားမိသည်။
ထို့နောက် ဘေးနားက သားကြီးကိုလဲ
မေးရသေးသည်။

"သားကြီး ဘယ်နားတွေထိသေးလဲ
အဆင်ပြေလား"

"ပြေပါတယ် ပါပါး လက်ဘဲနည်းနည်းနာတာပါ"

"အွန်းပါပါးကိုပြပါဦး"

သားငယ်ကိုထိန်းထားရင်းနဲ့ဘဲ
သားကြီးလက်ကလေးကိုကြည့်တော့
ယောင်ခြင်နေလေသည်။

ခနလောက်ကြာတော့
ကြားလိုက်ရတယ့် ဒေါက်ဖိနပ်သံတစ်ခွပ်ခွပ်
နောက်မှ ရောက်လာပုံအရ
ကျောင်းအုပ်က သူတို့ကိုနောက်မှခေါ်လိုက်ပုံပင်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now