Ep2

5.1K 296 3
                                    

အိမ်တွင် ကောက်တေးလေးများ
ဖြစ်နေတယ့်
မောင်နဲ့ ချစ်ရတယ့် ပူတူးလေးတွေကို
ထမင်းခွံ့ပြီးတာနဲ့
ချိန်းထားတယ့် အချိန်
နောက်ကျမည်ဆိုးတာကြောင့်
ကားလေးကို ပုံမှန်ထက်
မိုင်တင်ကာ မောင်းနှင်ရင်း
Companyဆီသို့ ထွက်လာခဲ့သည်။

အလုပ်လုပ်ရာမှာ အချိန်တိကျမှ
ကောင်းမည်မလား။
အချိန်မတိကျလျှင် တစ်ဖက်သားသည်
မိမိအပေါ် လက်မတွဲခင်တည်းက
ယုံကြည်မှု နည်းပါးဖို့ အတွက်
ဖြစ်ပေါ်စေသည်လေ။

ခပ်သွက်သွက်လေး မောင်းလာသည့်
လွန်းသုထက်ရဲ့ ကားအမည်းလေးသည်
company ကားပါကင်ကို ရောက်သည့်အချိန်တွင်
ချိန်းဆိုထားသည့် အချိန်နဲ့ ၁၀မိနစ်လိုသေးတာမလို့
စိတ်အေးသွားရသည်။

ကားလေးကို ပါကင်ထိုးပြီးတာနဲ့
ကားပေါ်ကနေ ဆင်းလာတယ့်
လွန်းသုထက်ဟာ နက်ပြာရောင် ဘောင်းဘီနဲ့
လည်စည်းပါတယ့် အင်္ကျီအဖြူခပ်ပွပွကို
ဝတ်ထားလျက်
အိတ်ကို လက်တ၀်ဖက်က ကိုင်ရင်း
နောက်တစ်ဖက်က ဖောက်ထားတယ့်
နားပေါက်တွင် ချစ်ရသော ကြောင်ဆိုးလေးဖြစ်တယ့်
မောင် ဝယ်ပေးထားတယ့်
နားဆွဲကို ဆွဲကာ ဓာတ်လှေကားဆီကို လှမ်းလေသည်။

ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး
နားဆွဲဆက်ပန်နေတုန်းရှိသေးသည်
ပိတ်တော့မည့် တံခါးကို
ခြေထိုးခံကာ ဝင်လာတယ့်
သူကြောင့် ကြည့်လိုက်တော့
တစ်ဖက် ပြုံးပြတာမလို့
ပြန်၍ တုံ့ပြန်လိုက်လေသည်။

တိတ်ဆိတ်နေတယ့် ဓာတ်လှေကား
အခန်းငယ်လေး
နှစ်ဦးစလုံးမှာ
ဓာတ်လှေကားတံခါးရှိရာကိုသာ
မျက်နှာမူထားလျက်
လွန်းသုထက် ဒီနေ့မှ တော်တော်နှင့် ပန်မရတယ့်
နားဆွဲကြောင့်
ကျစ်သပ်မိသည်။
တကယ်တော့ နားဆွဲက ပန်မရတာမဟုတ်
သူ လက်တွေအနည်းငယ်
တုန်ရီနေသည်သာ။

"အိတ်ကိုကူပြီး ကိုင်ပေးရမလား"

ခပ်ဩဩထွက်လာတယ့်
ယောကျာ်းပီသတယ့် အသံ
သို့သော် တစ်ဖက်က သူဖြစ်သော
လွန်းသုထက်မှ တစ်ခွန်းမှအကြောင်းမပြန်
မသိလျှင် သူ့ကို မပြောနေသည့်အတိုင်း

အနည်းငယ် ပင့်တက်သွားတယ့်
မျက်ခုံးတစ်ဖက်
ထပ်၍ မေးလိုက်သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now