Ep14

2.1K 131 9
                                    

"ချစ်စရာလေးကွာ ပိုးတုံးလုံးလေးကျနေတာဘဲ
ဒီကလေးလေးက ဘယ်သူ့ဘေဘီလေးလဲ "

"ပါပါးရဲ့ ဘေဘီလေး"

လွန်းသုထက် သူ့ရှေ့က အနောက်တိုင်းပွဲတက်ဝတ်စုံလေးတွေ ဝတ်ထားတယ့်
သားတို့ကို ကြည့်ရင်း အသည်းယားလှသည်။
ပြည့်ပြည့်ဖောင်းဖောင်းနဲ့သားတို့ဟာ
ကလေးပီပီ ဗိုက်ကလေးတွေတောင်ပူနေလျက်
သမီးလေးဆိုတာကလဲ ဂါဝန်ရဲရဲလေးကို
ဝတ်ထားပြီး
နှုတ်ခမ်းအဆီလေးကို ဆိုးပေးထားတာကြောင့်
ဧကရီလေးဟာ နှုတ်ခမ်းပိစိလေးနှစ်ခုကို
ဟထားလေသည်။

လွန်းသုထက်မှာ အသည်းယားစွာ
ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတယ့်
သမီးလေးရဲ့ နှာခေါင်းလေးကို လက်ကလေးနဲ့အသာလေးဆွဲလိုက်တော့

သမီးလေးဟာ လက်ကလေးခါပြရင်း တားလေရဲ့

"No No ,ပါပါး သမီး လှလှတွေပျက်ကုန်မယ် "

"ဟင် လူလေးက သေးသေးလေးဘဲရှိတယ် တော်တော်လှခြင်တယ်ပေါ့ ဟုတ်လား"

လွန်းရဲ့ အပြောကို သမီးလေးဟာ
ခေါင်းခါပြရင်း ပြန်ချေပသည်။

"ဟူတ်ပါဘူး ပါပါးရဲ့ သမီးက လှခြင်တာဟုတ်ဘူး
ဒီလိုချောမောလှပတယ့် ပါပါးရဲ့ သမီးကလည်း
ပါပါးကို မမှီတောင် ရုပ်မဆိုးဘူးဆိုတာ ပြခြင်လို့ပါ ပြင်ခြင်လို့ဟုတ်ဘူးနော် ဟွန့်"

လွန်းသုထက်မှာ သမီးလေးရဲ့ စကားကြောင့်
ဒီသမီးအတတ်လေးကို အသည်းယားစွာ
ပေါင်ပေါ်ကို ပွေ့တင်ပြီး
တဝကြီး နမ်းပစ်တော့
လက်ကလေး တကာကာနဲ့ သမီးလေးရဲ့
သဘောကျစွာ တခစ်ခစ်ရယ်သံတွေဟာ
ရင်ထဲကို အေးမြစေသည်။

သားဖနှစ်ယောက် စနေရင်းနဲ့ပင်
အခန်းတံခါးခေါက်သံကြောင့်
ဖွင့်ပေးလိုက်တော့
မောင့်သည်လည်း ပြင်ဆင်လို့ပြီးနေပြီ

"ကိုကို ပြင်တော့လေ
မောင်ကလေးတွေကို ကြည့်ထားလိုက်မယ် "

"အွန်းမောင် ကိုယ်သွားလဲတော့မယ်
ကလေးတွေကို ငိုအောင်မစနဲ့ဦးနော်
အဆိုးလေး"

ပြောရင်းနဲ့ နှာဖူးလေးကို လက်သီးစုပ်လေးနဲ့
ခပ်ဖွဖွထုတယ့် ကိုကိုကြောင့်
မောင်ရဲ့ နှုတ်ခမ်းလေးဟာ
အလိုလို ဆူလာသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now