Ep36

1.4K 88 5
                                    

၃နှစ်ကြာသော်
ဒီနေ့ဟာ လွန်းတို့ရဲ့ ကလေးငယ်သုလေးရဲ့
မင်္ဂလာပွဲနေ့
ရိုင်းဧကရာဇ် သူ့ရှေ့က
အနောက်တိုင်းဝတ်ဆုံလေးနဲ့
ကြည့်ကောင်းခြင်တိုင်း
ကြည့်ကောင်းနေတယ့် ကိုကို့အားကြည့်ရင်း
ဖက်နမ်းပစ်ခြင်စိတ်ကအသည်းတယားယား
ကိုကို့ကို ခုလိုတွေ့တော့
လက်ထပ်ပွဲတုန်းက မြင်ကွင်းလေးကို
သတိရသေးသည်။
မောင်တို့တောင် နှစ်ပတ်လည်ပွဲကို
အထူးတစ်လည်မလုပ်ဖြစ်တာကြာလှပေါ့။
ထို့နောက်တော့ ရိုင်းလဲ
ကိုကို့ကို တစိမ့်စိမ့်ကြည့်ခြင်နေတယ့်စိတ်ကို
ထိန်းကာ
ပွဲကို သေချာအောင် စီစဥ်ရန်
ပြန်ထွက်သွားလိုက်သည်။

ဒယ်ဒီတို့ရဲ့ ပူတူးလေးရဲ့ပွဲဟာ
ခမ်းနားပြီးလှပအောင် ဒယ်ဒီကိုယ်တိုင်
သေချာစီမံထားတာ။

"သား (ထက်ရှား)ဟိုအပေါ်ဘက်က နေရာလေးကို
နည်းနည်းလေးတည့်ပေးနော်"

ထက်ရှား
ပွဲမှာ လိုတာတွေကို
သေချာလိုက်စစ်နေတုန်း
တော်သေးတာပေါ့ ဒယ်ဒီရောက်လာလို့
အောက်ကိုသာ မဲပြီးလိုက်စစ်နေတာ
နံရံက အပြင်အဆင်တွေကို
အခုမှသတိထားမိတာ

"ဟုတ် ဒယ်ဒီသား အခုပြန်တည့်လိုက်မယ်"

"ဟုတ်ပြီ ဒယ်ဒီအစားအသောက်ပိုင်းတွေ
သွားကြည့်ပေးဦးမယ်နော်"

"ဟုတ်ကဲ့ပါ ဒယ်ဒီ
ဟာ!!! အငယ်မ
အခုချက်ချင်းအောက်ဆင်း
ပြုတ်ကျနေမယ်"

ထက်ရှား ဒယ်ဒီ့ကိုဖြေပြီးလို့
ခေါင်းလေးတောင်လှည့်ရုံရှိသေးသည်။
အပေါ်က မီးစိုင်းတွေပေါ်ကို တွယ်တက်ကာ
မီးလုံးလဲနေတယ့် အငယ်မလေးကြောင့်
မျက်လုံးတောင်
ပြာခနဲ
ဒီကောင်မလေးတော့

"အာ ခနလေးပါ ကိုကိုကြီးရဲ့ သမီး
ဒါလေးတပ်ပြီးရင် ပြီးပြီ"

"လာ ဆင်းအခုဆင်းစမ်း"

oh! ဘာလို့များ အငယ်မလေး
ဒီလောက်တောင်ရဲရတာလဲ
ငါ အကြီးဆုံး သွေးတက်ခြင်တယ်
ဒီမျောက်လေးတွေနဲ့ကတော့

ဝိုင်းပြီးပြင်ဆင်နေတယ့် ဝန်ထမ်းတွေကတော့
ကြိတ်၍ တခွီခွီရယ်နေကြလေသည်။
အောက်ကနေ ဇာတ်ပိုးကိုဖိကိုင်ကာ
ဆင်းလာဖို့အော်နေတယ့်
သူဌေးတို့ရဲ့သားကြီးနဲ့
မီးစိုင်းပေါ်က သမီးငယ်လေးတို့ရဲ့
မောင်နှမနှစ်ယောက်ရဲ့အဖြစ်ဟာ
ချစ်စရာကောင်းကာ ပျော်ရွှင်စရာလေး။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now