Ep23

1.5K 98 3
                                    

"မောင် မသွားလို့မရဘူးလားဟင်"

"မောင်တကယ်မသွားလို့မရလို့ပါ ကိုကို"

"သေချာဂရုစိုက်နော်မောင်
ကိုယ် စိုးရိမ်တယ်သိလား "

"စိတ်ချပါ မောင်ဂရုစိုက်ပါ့မယ်"

မောင့်ရဲ့ သေနတ်ကို ကျည်ဖြည့်ပေးနေတယ်လွန်းသုထက်ရဲ့ ရိုင်းကို
စိတ်ပူစွာပြောနေတယ့် စကားပြောနေတယ့်အသံ

လွန်းကိုယ်တိုင်တလောကမှ ချုပ်ပေးထားတယ့်
ကုတ်ကို နေရာတကျပြင်ဆင်ကာ
ဝတ်နေတယ့် မောင်ကလဲ
လွန်းကို မစိုးရိမ်စေဖို့
ပြန်လည်ဖြေကြားရင်း
ဗီရိုကို တွန်းလိုက်တော့
ပွင့်လာတယ့် လျှို့ဝှက်ခန်း

ထိုထဲကို ရိုင်းဝင်သွား၍ လက်အိတ်အမည်းတစ်စုံကိုယူကာ
ခေါက်ဓါးထက်ထက်တစ်လက်
ရိုင်းတို့ရဲ့ တံဆိပ်ပါတယ့် အရာကိုပါယူလို့
ခြေချင်းဝတ်နားနဲ့
ကုတ်အထဲမှာ တပ်ပြီးသည်နှင့်
ပြန်ထွက်လာတော့
သေနတ်ကို သန့်ရှင်းအောင်လုပ်ပေးနေတယ့်
ကိုကိုက
ရိုင်းကို အနားကိုခေါ်ရင်း
အပို ကျည်ကဒ်တွေကိုပါ သေချာစီစစ်ကာ
ထည့်ပေးလေသည်။

"သတိထားနော်မောင် ကိုယ်စိတ်ပူတယ်သိရဲ့လား"

လွန်း မောင့်ကို သွားဖို့အတွက်
အရာအားလုံး ပြင်ဆင်ပေးပြီးတာနဲ့
မောင့်ရဲ့ နှုတ်ခမ်းလေးကို အနမ်းပေးကာ
နှာဖူးလေးကိုပါ ခြွေပေးလိုက်တော့
သွားတက်လေးတွေပေါ်သည်အထိ ရယ်နေတယ့် ကြောင်ဆိုးလေးပါလေ။

"ကိုကို့အနမ်းတွေကြောင့် မောင်အားရှိသွားပြီ"

"ကိုယ့်ကိုစမနေနဲ့ သေချာဂရုစိုက်နော်
ကိုယ်မောင့်ရဲ့ ဆံပင်မွှေးလေးတစ်ချောင်းဖြစ်ဖြစ်ထိရင်တောင်
အဲ့နေရာကို မီးလောင်တိုက်သွင်းပစ်မှာ"

"ဟုတ်ပါပြီ ကိုကိုရဲ့ မောင်သေချာ
စကားနားထောင်ပြီး ဂရုစိုက်က်ပါ့မယ်နော်
အားယို့ ကိုကိုရယ်မောင်က
ကိုကို့ရဲ့ ကလေးလေးလိုသာ လုပ်နေတာပါ
အပြင်မှာ ကြောက်ဖို့ကောင်းတယ့်သူတစ်ဦးပါ"

"မသိဘူးမောင်ရာ
ကိုယ်ကတော့ ကိုယ်တွေ့နေရတယ့်မောင့်ကို
စိုးရိမ်တယ် သတိထားဟုတ်ပြီလား
ဆိုင်ကယ်ကိုလဲ သိပ်အမြန်မမောင်းနဲ့
ဆုံးဖြတ်ချက်တွေလဲ အလောတကြီးမချနဲ့နော်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now