Ep8

2.7K 150 1
                                    

"မောင် ကိုယ့်ကိုဘဲ စိုက်ကြည့်မနေနဲ့လေအဆိုးလေးရဲ့ "

ဆိုဖာပေါ်မှာ အလုပ်လုပ်နေတယ့်
လွန်းအား အလုပ်စားပွဲကနေ
အကျအန မေးထောက်ကာ
စိုက်ကြည့်နေတယ့်မောင်ကြောင့်
လွန်းသည် ပုံဆွဲနေရင်းကပင် လှမ်းပြောလိုက်သည်။

မောင်ကတော့ သူ့အပြောကို နားမထောင်ပါ
လက်ကလေးထောက်ကာ စိုက်ကြည့်နေစဲ

"မောင် အဆိုးလေး မင်းတော့
အလုပ်တွေပြီးဦးမယ် "

လွန်းရဲ့အပြောအဆုံးမှာ
မောင်ဟာ စားပွဲပေါ် ခေါင်းမှောက်လိုက်ရင်း
နှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့မျက်နှာလေးလုပ်ပြသည်။

"မောင် ပင်ပန်းတယ် အရမ်းညောင်းနေတာ
အားလည်းရှိတော့ဘူး
အဲ့တာ မောင့်နှလုံးသားလေးဆီက အားတွေလိုနေပြီ "

လွန်း မောင်ရဲ့စကားကြောင့်
သဘောကျစွာ ရယ်တော့
မောင်ဟာ မေးလေးပြန်ထောက်ရင်း
စိုက်ကြည့်နေပြန်သည်။

လွန်းလည်း ပုံဆွဲနေတာလေးရပ်ကာ
မောင့်နဲ့ မျက်လုံးအကြည့်ခြင်းစုံအောင်
ပြန်ကြည့်တော့
မိနစ်တစ်ချို့ကြာသည့်နောက်
မျက်နှာ လွှဲရသည်မှာ လွန်းသုထက်သာ
မောင်အကြည့်တွေက စူးရဲလွန်းသည်။

"oh! မောင် "

ပုံပြန်ဆွဲရန်လုပ်လိုက်စဥ် ပေါင်ပေါ်ကို
ခေါင်းတင်ကာ လှဲအိပ်လိုက်တယ့် မောင်ကြောင့် လွန်းလန့်သွားရသည်။
မောင်ကတော့လေ ဆိုဖာကျဥ်းကျဥ်းလေးကိုပြုတ်ကျရင် ဘဟ်လိုလုပ်မလဲ

"မောင်ရယ် ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "

"မကျဘူးစိတ်မပူနဲ့
ခုတော့ မွှစ်မွှစ်ပေး "

ပေါင်ပေါ်ကနေ နှုတ်ခမ်းလေးကို လက်ကလေးနဲ့ ထိုးပြကာ
ဆူပြထားသည့် မောင်ဟာလေ
တစ်ကယ်ကို ချစ်စရာလေး

"ဟုတ်ပါပြီ လာ ကိုယ့်ကလေးလေးကို
မွှစ် မွှစ်ပေးရမှာပေါ့ "

လွန်းသည်လည်း မောင်ဖြစ်စေခြင်တယ့်အတိုင်း
ခေါင်းလေးကို ငုံကာ နှုတ်ခမ်းသားတို့ကို
နမ်းရှိုက်လိုက်သည်။

ရိုင်း နှုတ်ခမ်းသားကိုထိကပ်လာတယ့်
ကိုကိုရဲ့ နှုတ်ခမ်းသားအိအိလေးကြောင့်
ရုန်းမထွက်နိုင်စွာ
ကိုကိုက ပြန်ဖယ်ကွာပေမယ့် ရိုင်း
ကိုကိုရဲ့ လည်တိုင်ကို ပြန်ဆွဲကိုင်ကာ
အနမ်းတို့ကိုပြန်လည် အသက်သွင်းမိသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now