Ep12

2.1K 129 2
                                    

"ကိုကိုရေ "

"တိုးတိုးနေမောင် "

ရိုင်းဧက္ကရာဇ် ရေချိုးခန်းကထွက်လာတော့
ကိုကို့ကို ရှာမတွေ့တာကြောင့်
အော်ခေါ်ကာ
သားတို့အခန်းတံခါးကိုဖွင့်လိုက်တော့
အိမ်နေရင်း ဝတ်စုံလေးနဲ့ ကိုကိုဟာ
ဆံပင်လေးကို ခွေခေါက်ကာ ကလစ်ကလေးနဲ့ လှန်တင်ထားရင်း
လက်ချောင်းလှလှလေးကို
နှုတ်ခမ်းလေးပေါ်တင်ကာ 
အသံအုပ်အုပ်လေးဖြင့် တိုးတိုးနေလို့လုပ်ပြသည်။

ဟုတ်တာပေါ့
ကလေးတွေက ကိုကိုရဲ့ပေါင်ပေါ်မှာ
အိပ်ပျော်နေကြပြီ။
ဖက်ထားတာများ ကိုကိုက လှုပ်လို့တောင်မရ
ကတောက် ဒီကလေးတွေကတော့
ငါ့ကိုကို့ကို အိပ်ခါနီးတောင်
အပိုင်စီးထားကျတယ်။

မင်းလေးတို့ရဲ့Daddyကိုလည်း
ကပ်ချိန်လေးပေးပါဦး။

အတွေးတို့နဲ့အတူ
ကိုကို့နားကိုမကပ်ရတာကြောင့်
ရိုင်းဟာ မျက်နှာလေးမှုန်ကုတ်လာပေမယ့်
လွန်းသုထက်ကတော့
မောင့်ကို မကြည့်မိကာ
ပေါင်ပေါ်မှာ အိပ်နေတယ့် သုလေးရယ်
လက်ကိုဆွဲကာ အိပ်နေတယ့် ဧကရီလေးရယ်
ရင်ခွင်ထဲဝင်ပြီး နည်းနည်းလေးအီကာ
ကပ်ခြင်နေတယ့် ထက်ရှားလေးရယ်ကိုသာ
ချော့သိပ်နေရသည်။

တဖြည်းဖြည်းနဲ့ အိကျသွားတယ့်
ကုတင်စောင်းလေး
မောင်ဟာ ကုတင်မှာ တင်ပလွှဲထိုင်ရင်း
လွန်းနဲ့ ကလေးတွေကို
မေးလေးထောက်ကာကြည့်နေသည်။
ခနကြာတော့
သုလေးနဲ့ သမီးလေးကို ရိုင်းနေရာချပေးလိုက်ကာ
ထက်ရှားလေးကိုပါ နေရာချမယ်လုပ်တော့
သားက ကုပ်တွယ်ထားသည်မလို့
ရိုင်း အလန့်တကြား နှာဖူးလေးကို
စမ်းမိသည်။

သားကြီးက ဖျားရင် ခုလိုအီတတ်သည်လေ။
စောနက မျက်မှောင်ကုတ်နေပေမယ့်
သားအီနေတာကိုသိတော့
ယောင်ယက်ခက်သွားတယ့်မောင်ကြောင့်
လွန်းမှာ စိတ်မပူစေဖို့ပြောရသေးသည်။

"သားကြီးက ပင်ပန်းသွားလို့ပါ
မောင်ရဲ့ စိတ်မပူနဲ့နော်
မောင်နားခြင်နားတော့ ကိုယ်သိပ်ပြီးရင်
လိုက်ခဲ့မယ်"

"ကိုကိုပင်ပန်းနေပြီမလား
မောင်သိပ်ပါ့မယ် "

"ရပါတယ် ကိုယ်သိပ်ပါ့မယ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now