Ep35

1.5K 93 9
                                    

"ကိုကို မွှစ် သားရော
ဘယ်ရောက်နေတာလဲ"

ရိုင်းဧကရာဇ်အဝတ်စားလဲပြီးတော့
မီးဖိုခန်းထဲမှာ ရှုပ်ကူနေတယ့်
အရှုပ်ထုတ်လေးကို တွေ့တာကြောင့်
မေးကြည့်တော့
ကိုကိုဟာ စိတ်နဲ့လူနဲ့မကပ်သလို
ကော်ဖီထဲ သကြားတွေသာ တစ်ဇွန်းပြီး
တစ်ဇွန်းခပ်ထည့်နေလေသည်။

ရိုင်းလည်း ကိုကို့ရဲ့ ဇွန်းကိုင်တယ့်
လက်ကလေးကိုကိုင်ကာ ဇွန်းကိုဖယ်စေတော့မှ
ကိုကိုဟာ လက်ကလေးတုန်ခနဲ
အသိပြန်ဝင်လာသည်။

"မောင်"

လွန်း သူ့ရဲ့ ဂုတ်ပိုးကို
နောက်ကနေ နှုတ်ခမ်းသားတွေနဲ့
ပွတ်ဆွဲကာ နမ်းနေတယ့်
မောင်ကြောင့် ခေါလိုက်တော့
မောင်ဟာ ဂရုမပြုစွာ
လက်ကလေးကို ထိန်းကိုင်ရင်း
ခါးကိုပါ တင်းနေအောင်ဖက်ထားသည်။

"မောင် အွန်း အရမ်းမနမ်းနဲ့လေ
အရာတွေထင်မယ်"

"မောင်ကတော့ တမင် အရာတွေထင်တယ့်အထိနမ်းခြင်နေတာ"

ပြောကာ ပိုတိုးလို့ သွားတွေနဲ့ပါ ဖိကိုင်ရင်း
ဂုတ်ပိုးကို အနီကွတ်တို့ထင်သည်အထိ
စုပ်ယူလိုက်တယ့်မောင်ကြောင့်
လွန်းမှာ အောက်နှုတ်ခမ်းလေးတောင်
ကိုက်မိသည် ။ နာလိုက်တာမောင်ရာ

"စောနက ဘာတွေတွေးနေတာလဲ
မောင့်နှလုံးသားလေး"

"အင့် ကိုယ်လေ သားကိုပေးရတော့မလား
မသိဘူး"

ရိုင်းရဲ့အမေးကို
ကိုကိုဟာ ရင်ခွင်ထဲကို ပစ်ဝင်လာလို့
ငိုသံလေးနဲ့ဖြေလာသည်မလို့။
ရိုင်းကိုယ်တိုင်ပင် ဘာကိုပြောလဲမသိပေမယ့်
ချစ်ရတယ့် နှလုံးသားလေးရဲ့
မျက်ရည်တွေကို မြင်တော့
ရင်ဘက်လေးက နာကျင်ရသည်မလို့
လက်ကလေးနဲ့ခပ်ဖွဖွထိကာ
ပါးအိအိလေးတွေပေါ်က
မျက်ရည်စက်လေးတွေကို ဖယ်ရှားပေးမိသည်။

"ကိုကိုရယ် မငိုပါနဲ့ဘာဖြစ်လို့လဲဟင်
မောင့်ကိုပြော ကလေးကရော
ဘာဖြစ်လို့လဲဟင် ကိုကို
မောင့်ကိုပြောပြလေ"

"အင့် မနေ့ကလာတယ့်ကောင်တွေတယ်မလား"

"အွန်းမောင်တွေ့တယ်လေ
ဘာလဲ အဲ့ကောင် ကိုကို့ကို ရန်စတာလား
ဘာစိတ်မကောင်းအောင်လုပ်လဲ
မောင်အရေခွံခွာပေးမယ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now