Ep11

2.1K 139 0
                                    

"ပါပါး နီမိုလေးတွေ ပါပါးငါးလေးဖောက်ဖောက်
ပါပါး လှလိုက်တာ ငါးလေးက ဂါဝန်လေးနဲ့ "

ဂါဝန်လေးနဲ့ဆိုတယ့် သားထက်ရှားရဲ့အသံကြောင့်
လွန်းမှာ သဘောတကျပြုံးမိသည်။
မှန်တွေနဲ့လုပ်ထားတယ့် ကန်လေးထဲကနေ
ပြေးနေတယ့် ငါးလေးတွေထဲ
နက်ပြာရောင်ကို အမြှီးလေးတွေက
ကိုယ်လုံးထက်ကြီးပြီးး
ဂါဝန်လေးလိုကားနေသည်ကို
သားသားက ဂါဝန်ဝတ်ထားသည်တဲ့

လွန်းသုထက်မှာ ဒီနေ့လာလည်တယ့်သူတွေများတာကြောင့်
ကလေးတွေကို ချီထားရင်း
လိုက်ပြတော့
ငါးလေးတွေကို စိတ်ဝင်တစားကြည့်နေတယ့်
ထက်ရှားလေးဟာ
ပါးစပ်ကလေးပင်ဟလို့
လွန်းသုထက် ပျော်လိုက်တာ
သူသားသားတို့ကို
အချိန်ပေးပြီး ချစ်ပေးနိုင်တယ်။

"ရွှတ်"ခနဲနေအောင် သားလေးရဲ့
ပါးလေးကိုနမ်းလိုက်ရင်း
ကိုယ်လုံး အိအိလေးကို
တင်းနေအောင်ဖက်ထားလိုက်သည်။

ရိုင်း ငါးကန်နားမှာရပ်နေကာ
စကားပြောလိုက် သားရဲ့ပါးလေးကို
နမ်းလိုက်လုပ်နေတယ့် ကိုကိုကြောင့်
ကလေးနှစ်ယောက်ကို ချီထားရာကျန
ကိုကိုရှိရာကို လာလိုက်ကာ
လက်ကလေးကို ရအောက်စုပ်ကိုင်လိုက်တော့
ကိုကိုဟာ "မောင်"လို့ ရေရွတ်လိုက်ရင်း
ရိုင်းဘက်ကို ကြည့်လာသည်။

ရိုင်းဧက္ကရာဇ် ငါးလေးတွေဘက်ကို
ငေးနေတယ့် သားကို ခေါ်လိုက်တော့
သူနဲ့တူစွာ စူးစူးရဲရဲ မျက်ဝန်းလေးတွေနဲ့
လှည့်ကြည့်သည်။

"ဒယ်ဒီတို့ အိမ်ပြန်ရအောင်နော်
သားသား အခွေလည်းဝယ်စရာရှ်သေးတယ်လေ "

မောင်ရဲ့စကားကို
သားဟာ လက်ပေါ်ကနေ ခေါင်းငြိမ့်ရင်း
ဟုတ်ကဲ့ ဆိုကာ စကားနားထောင်လေရဲ့
လိမ္မာတယ့် သားသားဟာ
အကြီးပီသစွာ အငယ်တွေကိုလည်း
ညှာတတ်သည်။

အခွေဆိုင်ထဲရောက်တယ်အခါမှာတော့
ဧကရီလေးဟာ မောင့်ပေါ်ကနေဆင်းကာ
လွန်းရဲ့လက်ကလေးကို ဆွဲပြီး
လိုချင်တယ့် အခွေတွေရှိရာကို
ဆွဲခေါ်သွားလေရဲ့။

ဟိုရောက်တော့ ကြည့်တော့ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့
albumတွေထားရာနေရာ
မောင်ကတော့ အခွေဆိုင်ရောက်မှ
သူ့လက်ပေါ်ကနေဆင်းကာ
ဝယ်ပေးမယ့် လွန်းကို ဆွဲခေါ်သွားတယ့်
ဧကရီလေးကြောင့် မျက်နှာလေးကဆူခြင်လာသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now