Ep18

1.8K 116 2
                                    

"ပါပါး!!!!"

"အားယို့ ဖြေးဖြေးလေးတက်ပါ
သမီးရယ် "

"အုံ့ဖွ အုံဖွနောက်ဆို
သမီးဖြေးဖြေးတက်မယ်"

လွန်းရဲ့ အပြောကို
ပြန်ဖြေတယ့် သမီးလေးက
လှပစွာ အပြုံးလေးပြုံးလျှက်
ဆံပင်ဂုတ်ဝဲကို အစွယ်လေးတွေ ညှပ်ထားတယ့် သမီးလေးဟာ
အရပ်လေးလဲ အတော်အသင့်ရှည်လို့
ပါးလေးလည်း ဖောင်းကာ
ချစ်ဖို့ကောင်းလှသည်။

သမီးလေးရဲ့ ပါးဖောင်းလေးကို နမ်းတော့
အိခနဲ

"ပါပါးဒီမှာလေ သမီးရဲ့ဆု ဟီး သမီးတော်တယ်မလား"

ရေကူးချန်ပီယံစုရတယ့် သမီးလေးဟာ
ဆုလေးကို ကိုင်မြှောက်လျက် အချီခံကာ
ဂုဏ်ယူနေလေရဲ့။

"ပါပါး"

"ပြောလေ သမီးလေးရဲ့ "

"ဒယ်ဒီနဲ့ အစ်ကိုကြီးတို့ ငယ်လေးတို့ရော"

"ဟိုမှာပါဗျာ စောနတည်းက ပါပါးနဲ့အတူ
ဟောဒီက ချစ်ရတယ့် သမီးလေး ပြိုင်ပွဲဝင်နေတာကို ကြည့်နေတာပါ"

"မွှစ် ဒယ်ဒီ့ သမီးလေးက တော်လိုက်တာ"

အနားကို ရောက်လာတယ့်မောင်က
လွန်းရဲ့ လက်ကလေးကို ကိုင်လိုက်ရင်း
သမီးလေးကို အနမ်းလေးနဲ့ ဆုချလေရဲ့

သားကြီးနဲ့သားငယ်ကလဲ ဧကရီလေး ပြိုင်ပွဲနိုင်လို့ ပျော်ရွှင်နေလျက်
၁၂နှစ်ကျော်ကျော်ဖြစ်တယ့် ကလေးတွေဟာ
အများတန်းတူ ဖွံ့ဖြိုးကာ အရပ်ပါရှည်တာကြောင့် အွန်း အငယ်လေးက အရပ်လေးနည်းနည်းပုပေမယ့်ပေါ့
လွန်းရော မောင်ရော စိတ်ချမ်းသာနေရသည်။

ကလေးတွေကို သူတို့ရဲ့ ဖြစ်တည်မှုနဲ့
အတ္တတို့ကြောင့် တစ်ခုခုဖြစ်မှာကို
စိုးရိမ်နေခဲ့ကျတာမလား။
သူတို့ရဲ့ ဖြစ်တည်မှု​နဲ့ မွေးဖွားလာမှုနဲ့တင်
ကလေးတွေဟာ အများအမြင်မှာ
ကဲ့ရဲ့စရာလိုဖြစ်နေခဲ့တာမလား
ခုတော့ ပါပါးရဲ့ကလေးတွေရယ်
မင်းလေးတို့က တကယ်ကို ပါပါးအတွက်
အဖိုးတန်လေးတွေပါ။

"ကိုကို ငိုနေတာလား
ချုပ်ရိုးက နာလို့လား
လာ သမီးလေး ဒယ်ဒီချီမယ်နော်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now