Ep31

1.3K 94 6
                                    

"ပါပါး"

ဒီဇိုင်းပုံကြမ်းတစ်ချို့တို့ဆွဲနေတုန်း
ကြားလိုက်ရတယ့် သမီးလေးကြောင့်
အခန်းဝကို ကြည့်တော့
သမီးလေးဟာ ဗိုက်ကလေးကို ဖိထားလျှက်
နာကျင်နေပုံ

လွန်းတပ်ထားတယ့်မျက်မှန်လေးပင်
ချွတ်ခဲ့ကာ သမီးလေးနားကို အမြန်သွားမိသည်။

"သမီးလေး ဘာဖြစ်လို့လဲဟင်"

"သမီးလေ လက်ဖက်တွေအရမ်းစားမိပြီး
ခုရက်ကျဗိုက်အရမ်းအောင့်နေလို့"

သမီးလေးစကားကြောင့်
လွန်းသုထက် မျက်လုံးမှာ ပြူးလာမှာ အမှန်ပင်
မတော်လို့များ ချုပ်သွားရင်
ဘယ်လိုလုပ်မလဲ
အစားခုတ်လေးရယ်

"လာလာ သမီးလေး သမီးအခန်းမှာနေလိုက်
ပါပါးသက်သာအောင်လုပ်ပေးမယ်"

အမွှာလေးတွေမွေးလို့ သမီးလေးကိုတွေ့တည်းက
လွန်းသုထက်သည် မိန်းကလေးတွေသိတာတွေကို
သိအောင်လုပ်ထားတာမလို့တာ
တော်တော့သည်။
အခုလဲ လွန်းသုထက်
သမီးလေးအခန်းထဲသို့လာရင်း
အိပ်ယာခင်းအဖြူကို ဖယ်လို့
အမည်းလေးကို လဲပေးကာ
သမီးလေးဝတ်ဖို့ ထမီအမည်းလေးပါ ထုတ်ပေးရသည်။

သန့်စင်ခန်းကနေ ထွက်လာတယ့်
သမီးလေးက ဗိုက်လေးကိုဖိလို့
မျက်နှာလေးမဲ့နေသည်။
သမီးလေးရယ် တော်တော်များ
နာကျင်နေပြီလား

"ပါပါး သမီးအောင့်နေတယ်
နေလို့မကောင်းဘူး"

၁၆နှစ်အရွယ်သမီးလေးဟာ
ရင်ခွင်ထဲသို့တိုးဝင်ရင်း
ငယ်ငယ်ကနေမကောင်းလျှင် ခွေသလို
လာခွေနေလေသည်။

"သမီးလေး"

"ဟုတ်ပါပါး"

"လာ ထမီအနက်လေးကို လဲလိုက်နော်
ပါပါးကြားဖူးတယ်
ဒါမျိုး ဓမ္မတာလာရင် ထမိန်အနက်ဝတ်ရင်
သက်သာတယ်တယ့်
လဲလိုက်နော် ပါပါး ဂျင်းနဲ့ထန်းလျက်ကို
ဖျော်ပြီး ယူလာမယ်။"

"ဟုတ်ပါပါး"

ဧကရီလေး ခေါင်းငြိမ့်ပြတော့
သုတ်ခြေတင်ကာ အခန်းပြင်ထွက်သွားတယ့်ပါပါး
ဧကရီလေးလဲ ထမိန်လေးလဲ
ကုတင်ပေါ်ထိုင်နေရင်းနဲ့ စောင့်နေတော့
ခနအကြာ ဂျင်းနဲ့ထန်းလျက်ကို ကြက်သီးနွေးရေလေးနဲ့​ဖျော်ထားတာကို
ယူကာ ဝင်လာတယ့် ပါပါး

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now