Ep4

3.4K 192 4
                                    

"ဟီး တစ်မျိုးကြီးဘဲနော် ကိုကို "

ဘေးနားကနေ ထွက်လာတယ့် မောင့်အသံကြောင့်
လွန်းလည်း
ခေါင်းငြိမ့်ပြလိုက်သည်။

ခုက ကလေးတွေကို နွံက အိမ်ပြန်ခေါ်သွားပြီး
လွန်းသုထက်နဲ့ မောင်
လက်တွဲကာ
ကစားကွင်းထဲ လမ်းလျှောက်နေခြင်းပင်။

နှစ်ယောက်သား ခုလို မသွားဖြစ်တာကြာပြီမလို့
ရင်ထဲမှာ တစ်မျိုးလေးနဲ့

ရိုင်းဧကရာဇ်သည် ကိုကိုနဲ့ခုလို
နှစ်ယောက်တည်း ခုမှအပြင်သွားရတာမလို့
စိတ်လှုပ်ရှားနေကာ
ကိုကိုရဲ့လက်ကလေးကို
တင်းနေအောင် စုပ်ကိုင်ထားမိသည်။

လျှောက်လာတယ့်
လမ်းတစ်လျှောက်မှာ
သူတို့နှစ်ဦးကို ငေးကြည့်သူတွေရှိပေမယ့်
ကိုကိုဟာ သူ့ဘက်ကိုသာ မျက်နှာမူရင်း
အပြုံးလေးတွေပေးတာကြောင့်
ပျော်ရသလို သဝနမလည်းတိုရသေးသည်။

ဒီလောက်လှတယ့် မောင့်နှလုံးသားရဲ့အပြုံးတွေကို
သူတစ်ယောက်တည်း ကြည့်နေခြင်တာ
ဒီလိုလူများတယ့်နေရာမှမဟုတ်ဘူး။

အတွေးတို့က သဝန်တိုလာသည်နှင့်
ခြေလှမ်းတို့သည်လည်း ကျောက်ချသလိုရပ်သွားသည်။
လွန်းသုထက် လက်ကလေးဆွဲကာ သွားနေရာမှ
ကြည့်လိုက်တော့ ရပ်သွားတယ့်
မောင်ကြောင့်
နောက်ကို ပြန်လျှောက်လာကာ
မောင့် မျက်နှာရှေ့ကို ရပ်လိုက်သည်။

မျက်မှောင်တွေကြုတ်နေတယ့် မောင်ဟာလေ
ငါး​ေကြာ်မစားရတယ့်
ကြောင်ဝလေးကျနေတာဘဲ

လွန်းသုထက် သူ့ရဲ့လက်ကလေးနှစ်ဖက်နဲ့
ချောမောလှတယ့် မောင်ရဲ့ မျက်နှာကို
အုပ်မိုးကာ ကိုင်လိုက်တော့
ပါးလေးကို ညှစ်သလိုဖြစ်ကာ
နှုတ်ခမ်းလေးဟာ ဆူတူတူလေး

"ဘာဖြစ်လို့လဲမောင်
ပြောပါဦး ကိုကိုရဲ့ကလေးလေး
ဘာတွေအလိုမကျလဲ "

ရိုင်းဧက္ကရာဇ် ကိုကိုရဲ့ အလိုလိုက်ပြီး
ချော့မြူကာ မေးတယ့်အသံကြောင့်ရော
ခုလိုပုံစံလေးကြောင့်ရော
ပြုံးမိပေမယ့်
အချစ်ကို ချွဲချင်လာတာကြောင့်
နှုတ်ခမ်းလေးကို ထပ်ဆူလိုက်တော့
သူ့မျက်စိရှေ့က ကိုကိုဟာလေ
သွားတန်းလေးတွေပေါ်ကာ ပါးလေးတွေမိာ့တက်သည်အထိ
မျက်နှာလေးမော့၍ ရယ်လေသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now