Ep28

1.4K 87 4
                                    

"ကိုယ့်ရဲ့ ချစ်ရတယ့် ယောကျာ်း
တစ်နေ့လုံး အလုပ်တွေ အဆင်ပြေချောမွေ့ပါစေနော်"

နက်ကတိုင်ချည်ပေးရင်း ပြောလာတယ့်
ကိုကို့ရဲ့ စကားကြောင့်
ရိုင်းသည်လဲ မျက်စိရှေ့က
ချစ်ရတယ့် အိမ်ရှင်မလေးရဲ့
နှာဖူးလေးကို အနမ်းလေးချွေလိုက်သည်။

အိမ်ရှင်မလေးလို့ခေါ်တာသာ
ကိုကိုသိလို့ကတော့ မောင့်ကို
တံတောင်ဆစ်စာကျွေးဦးမည်။

"မောင့်အချစ်ရဲ့ စကားလေးကြောင့်
မောင်ရဲ့အရာရာအဆင်ပြေမှာပါ။'

ဝတ်စုံပြည့်ဖြစ်ဖို့ရာ ကုတ်တစ်ထည်ဘဲကျန်တော့သည့်အချိန်
ရိုင်း လက်လှမ်းရာသည်
ကိုကို ချုပ်ပေးထားတယ့်
ကုတ်လေးဆီသို့ သို့ပေမယ့်
အနားကိုမရောင်ခင် ရိုင်းရဲ့လက်လေးမှာ
အရိုက်ခံလိုက်ရသည်။

"မောင်!!!
အဲ့ကုတ်က မောင်ဝတ်နေတာ ၁ပတ်လောက်ရှိနေပြီ ညစ်ပတ်တုံးလေးရဲ့'

လွန်းသုထက်ရဲ့ ဆူတယ့်စကားလေးအဆုံးမှာ
ရိုင်းဟာ နှုတ်ခမ်းလေးဆူလျက်
ကိုကို့ရဲ့ပါးလေးဖောင်းကာ
ချစ်စဖွယ်လေးလုပ်ပြလိုက်တော့
လွန်းသုထက်မှာ
လျှာတောင် ကိုက်မိသည်။

*ကိုယ့်ရဲ့ ကလေးလေးက အဟမ်း
အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတယ်*

"ကိုကိုကလဲ မောင်က
ကြိုက်လို့လေ ကိုကို့လက်ကလေးနဲ့
ချုပ်ပေးထားတာလေးဝတ်ရတာက
ကိုကိုမောင့်ရုံးခန်းထဲလိုက်မလာပေမယ့်
ဒါလေးဝတ်ထားရင်
ကိုကို့ရဲ့ အချစ်တွေနဲ့ မောင့်ကိုထွေးပွေ့ထားသလိုဖြစ်နေတယ်လေလို့"

"ကဲ ချွဲနေပြန်ပြီ မောင်ကတော့လေ
သိပ်မချွေလွန်းနဲ့မောင်
ကိုယ်ဆိုတာက မောင့်စကားကို အလိုလိုကြွေပြီးသား
ဒါလေးကိုတော့ မဝတ်နဲ့တော့
ကိုယ် သေချာလျှော်ပြီး မီးပူတိုက်ထားပေးမယ်
ဒီနေ့ တစ်ခြားက ရင်းနှီးမြုပ်နှံသူတွေနဲ့
တွေ့ရမှာမလား။"

"ဟုတ် ကိိုကို"

ကုတ်ကိုဝတ်မသွားနဲ့ဆိုတာနဲ့
အသံလေး ခွေးစားသွားသလို
ပိကျိလေးဘဲ ထွက်တော့တယ့်မောင်ကြောင့်
ရယ်ခြင်တာကို ထိန်းကာ
မောင့်လက်ကနေ ဆွဲကာ
လွန်းအလုပ်ခန်းဆီကို ခေါ်လာလိုက်တော့သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now