Ep26

1.5K 85 1
                                    

"ဟားဟား ကိုကိုကတော့ဗျာ
မောင်အသည်းယားလွန်းလို့ တစ်ကိုယ်လုံးကို
မြိုချမိတော့မယ်"

အိပ်ပျော်ကာ အိပ်နေတယ့်ကိုကိုက
နှုတ်ခမ်းလေး ပိစိလေးပင်ဟနေတာမလို့
လက်ကလေးနဲ့ သွားထိတော့
ကလေးလေးတွေ ချိုချိုစို့သလို
လက်ကလေးဆွဲကာ စုပ်ထားလေသည်။

ရိုင်းမှာ ချစ်လွန်းလို့ ကိုကို့ကို
ရင်ခွင်ထဲမှာပွေ့ထားရင်းနဲ့ပင်
အသားလေးတွေ နာသွားမှာစိုးတာကြောင့်
အားနဲ့လဲ မထိန်းရဲဘဲ
ခပ်ဖွဖွလေးသာ ဖက်ထားရလေသည်။

တဖြည်းဖြည်းနဲ့ တကယ်ကို အိပ်ပျော်သွားလေတယ့် ကိိုကိုဟာ
ရိုင်းလက်ကလေးကိုဆွဲထားလျက်

*ချစ်လိုက်တာ ကိုကိုရယ်*

ရင်ဘက်နဲ့ဖိမိနေလို့ အနည်းငယ်စူထွက်နေတယ့်
ပါးလေးကိုပါ ရိုင်းမှာ အသည်းယားစွာ
နမ်းလိုက်မိသည်။
နမ်းလိုက်လို့ အိခနဲနစ်ဝင်သွားတယ့်
ပါးအိအိလေးက ကိုက်ခြင်စရာကောင်းစွာ
ကိုကို့ ကိုယ်သင်းနံ့လေးမှာလဲ
သင်းပျံ့နေကာ မောင့်ရဲ့စိတ်အစဥ်ကို
အေးချမ်းစေစဲ

ကားမောင်းနေတယ့် ဂိုဏ်းရဲ့
လူယုံသက်တော်စောင့်မှာတော့
အနောက်မြင်ကွင်းကို ကြည့်ရင်း
မယုံနိုင်စွာ ပါးစပ်ပင်
အတော်ဟမိနေသည်။

*တကယ်ကို မယုံနိုင်စရာ
လူတစ်ယောက်ကို မျက်တောင်မခတ်ဘဲ
သတ်နေတယ့် ကြမ်းရမ်းလှပြီး ရက်စက်တယ့်
ခေါင်းဆောင်က ခုတော့ ရင်ခွင်ထဲက
ဆရာကတော်ကို ထွေးပွေ့ထားတာများ
ဂွမ်းလုံးလေးကို အရာပုံစံတောင်
ပျက်မှာစိုးလို့
ခပ်ဖွဖွလေးနဲ့ နူးနူးညံ့ညံ့တယ့်လား*

မယုံကြည်စွာ အံ့ဩနေတယ့် စိတ်အစဥ်ကိုထိန်းရင်း
နောက်ခန်းကို မကြည့်မိအောင်သာ
နေတော့သည်။
မတော်လို့ rsတွေရိုတာကြည့်မိပြီး
ကားတိုက်မှ ဟုတ်ပေ့ဖြစ်နေမှာ
ချစ်သူတစ်ယောက်လောက်မရဘဲနဲ့တော့
မသေခြင်သေးပေါင်။

တန်းစီကာ မောင်းလာတယ့်
ကားတန်းတွေဟာ
ရိုင်းစံအိမ်ထဲရဲ့ အိမ်တော်ခြံဝင်းထဲသို့
ဝင်ရောက်ရပ်တန့်လိုက်ကာ
ရိုင်းမှာ ကိုကို့ကိုဘဲ ပွေ့ကာဆင်းလာကာ
အိမ်သော့ကို တံခါးနားက
တစ်ယောက်ကိုပေးတော့
တံခါးဖွင့်ပေးလေရဲ့

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now