Ep34

1.5K 86 3
                                    

"ပါပါးရေ အဲ့လောက်ကြည့်မနေပါနဲ့
ဒီက ပူတူးလေးရှိပါသေးတယ်နော်
မွှစ် မွှစ်"

ကျောခိုင်းကာ သက်ဆိုင်ရာ
လေယာဥ်ကိုယ်ဆီပေါ်သို့ တက်သွားတယ့်
သားကြီးနဲ့ သမီးလေးကို
လွန်း မျက်ရည်လေးဝိုင်းကာ
ကြည့်နေတော့
ဘေးနားက လက်မောင်းကို ဖက်ထားတယ့်
သုလေးဟာ သူ့ပါပါး ဝမ်းနည်းနေမှန်း
သိလို့
အာဘွားတွေလာပေးသည်။

လွန်းသုထက် စိတ်ထဲမှာ
ကလေးတွေ ပညာသင်ဖို့သွားတာပေမယ့်
မခွဲခြင်တယ့် စိတ်ကစွဲနေကာ
လေးလံနေသည်။
သို့သော် သားရဲ့ စကားလေးကို
ကြားတယ့်အခါ
စိတ်ထဲက အတွေးတွေကို ဖျောက်လိုက်သည်။

ပါပါးကလေးတွေက ပညာသင်ဖို့
သွားတာမလား။
ဘာလို့ ဒီလောက်တောင်
အတွေးများနေရတာလဲ ခွဲသွားတာမှ
မဟုတ်တာ

"ဟုတ်ပါပြီ မကြည့်တော့ပါဘူး
လာ အိမ်ပြန်ကြမယ် ညစာကို
ပါပါး ဂဏန်းချဥ်စပ်ချက်ကျွေးမယ်
ဒီက ပူတူးလေးရဲ့ Daddyအတွက်ကိုတော့
မှိုကန်စွန်းလေးပါကြော်ပေးမယ်"

ကိုကိုရဲ့ အပြုံးလေးနဲ့ ပြောလာတယ့်
စကားကြောင့် ရိုင်းဧကရာဇ်
သားငယ်လေးနဲ့ ကိုကို့ကို ဆွဲကာ
ရင်ခွင်ထဲသွင်းလို့ ဖက်ပစ်လိုက်သည်။

*မောင့်ရဲ့ ကိုကိုကတော့လေ
မောင့်ကိုသာ မထိန်းချုပ်ခိုင်းတာ
ကိုကိုကျတော့ ဟင်း*

"ကိုကိုပင်ပန်းရင်လဲ မောင့်ဖို့မချက်ပါနဲ့
သားငယ်လေးစားတာနဲ့ ရပါတယ်
မောင်ကအဆင်ပြေပါတယ်"

"မရပါဘူးမောင်ရာ
မောင်ကို ကြည့်ရတာ ခုတလော
အစားသိပ်မစားဘူး
တော်တော့ ကိုယ်ချက်မယ်
မောင်တို့လဲ ဝိုင်းကူပေး ဟုတ်ပြီလား"

သုလေးနဲ့ ရိုင်းမျက်လုံးချင်းဆုံကြည့်ကာ
ဟုတ်လို့တာ ပြောလိုက်ရသည်။

သုလေးသိတယ် ပါပါးက တစ်ခုခုအဆင်မပြေရင်
အလုပ်တွေဖိလုပ်တတ်တာ
အခုလဲ အစ်ကိုကြီးတို့ကို
လွမ်းလို့ ဟင်းတွေချက်ဦးမယ်ထင်တယ်။

"လာလေ မောင်နဲ့သားငယ်လေး
ပါပါးတို့ အပြန် Marketဝင်ရမယ်
လိုတာလေးတွေ ဝယ်ရမယ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now