Part-3 (U+Z)

54.7K 4.2K 51
                                    

လေးနှစ်ကြာပြီးနောက် .....

ရန်ကုန်မြို့ထဲမှထွက်လာသော အိမ်စီးဆလွန်းကားဖြူလေးတစ်စီးသည် မြို့အထွက်နားတွင်ရှိသော "ခိုလှုံရာ" အမည်ရှိမိဘမဲ့ကျောင်းလေးဆီဦးတည်မောင်းနှင်လျက်ရှိသည်။ ကားပေါ်တွင်တော့ မောင်းသူနေရာတွင်ကိုဝေလင်းရှိနေပြီး ဦးမြတ်ဟန်တို့ဇနီးမောင်နှံနှင့် ၇ နှစ်အရွယ်ရှိပြီဖြစ်သောသားဖြစ်သူတို့ကတော့အတွေးကိုယ်စီဖြင့် လိုက်ပါစီးနင်းနေကြပါ၏။ သူတို့မိသားစု ဖော်ပြခဲ့ပြီးသောဂေဟာလေးတွင် သားငယ်လေး(၄)နှစ်ပြည့်နှစ်ပတ်လည်အတွက် အလှူပြုရန်သွားနေကြခြင်းဖြစ်သည်။ နှစ်ပတ်လည်တိုင်းမပျက်မကွက်အလှူပြုလာသည့်အလျောက် ယခုနှစ်တွင်တော့ ချစ်ရသည့်ဇနီးသည်မှစကားတစ်ခွန်းဆိုလာ၏။

(သားတစ်ယောက်မွေးစားဖို့အချိန်ရောက်ပြီ ကို...) တဲ့ ။
ထိုစကားကြားစကတော့ ကျွန်တော်အနည်းငယ်တော့အံ့အားသင့်သွားရပါသည်။ မေ,တစ်ယောက်ကလေးမွေးစားဖို့ကိစ္စမေ့ထားလိုက်ပြီဟု အထင်ရောက်သည့်အချိန်မှထိုစကားပြောလာခြင်းအတွက် အံ့အားသင့်ရခြင်းဖြစ်ပါသည်။အကြောင်းရင်းအားမေးကြည့်လေတော့ သားအတွက်ရတက်မအေးနိုင်တော့သောကြောင့်ဟုဆိုလာသည်။

သားကလည်းသားပင်။ ယခုဒုတိယတန်းရောက်လာသည့်အချိန်ထိ သူငယ်ချင်းအပေါင်းအသင်းမရှိသလောက်ရှား၏။ အမြဲလိုလိုတစ်ယောက်တည်းနေလေ့ရှိကာ ကာတွန်းစာအုပ်များ၊သူစိတ်ဝင်စားသောဇာတ်ကားများဖြင့်သာ သူ့ကမ္ဘာသူဖန်တီးနေတတ်သည်။ စကားလည်းနည်းလှ၏။ ငယ်ငယ်ကစကားများသလောက် ကျောင်းစနေသည့်အရွယ်မှစ၍ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ ကြီးမှုံကဆိုလျှင်ငယ်ငယ်ကအချွဲတုံးလေး ယခုသူ့နားသိပ်မကပ်တော့၍မနေတတ်တော့ပါဟုတောင်ဆိုလာသည်။ ကြီးမှုံမပြောနှင့် မိရင်းဖရင်းကိုပင်ဝတ်ကျေတန်းကျေဆက်ဆံနေသောလူကြီးပေါက်စကြောင့် သူတို့ကိုယ်တိုင်ပင်ကြီးမှုံအားမည်သို့နှစ်သိမ့်ရမှန်းမသိပါ။ တစ်ခါတစ်ရံသားငယ်လေးဓာတ်ပုံကိုထိုင်ကြည့်ပြီးငြိမ်နေတတ်သောသားသည် သူ၏ညီငယ်ဘယ်တော့မှပြန်မလာနိုင်တော့မှန်းသိနေပြီထင်ပါ၏။ ကြာလာလျှင်ယခုထက်ဆိုးသောအခြေအနေများကြုံလာမည်ကို မေ,တစ်ယောက်ခန့်မှန်းမိ၍ ကလေးမွေးစားဖို့အချိန်ကျပြီဟုပြောလာခြင်းဖြစ်တန်ရာ၏။ အငယ်လေးတစ်ယောက်ရောက်လာပါက သားတစ်ယောက်ပြောင်းလဲလာတန်ကောင်းပါရဲ့ဟုကျွန်တော်မျှော်လင့်မိပါသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now