Part-66 (U+Z)

24.1K 1.4K 372
                                    

ငါးလကြာပြီးနောက်...

ချမ်း,တစ်ယောက်စာရင်းပြုစုထားပြီးသော အသက် ၆၀နှစ်အထက်သက်ကြီးရွယ်အိုလူနာများမှတ်တမ်းကိုတစ်ခေါက်ပြန်စစ်ဆေးနေ၏။ မကြာခင်သီတင်းကျွတ်တော့မည်ဖြစ်သဖြင့် ထိုလူနာများအား ဂါရဝပြုလက်ဆောင်ပေးအပ်ရန်အစီအစဥ်ရှိသည်ဖြစ်ရာ ထိုအတွက်ကြောင့် ချမ်း,တင်ပြလာသောစာရင်းကိုထပ်မံစစ်ဆေးနေခြင်းဖြစ်သည်။ သက်ကြီးရွယ်အိုလူနာများကို သီတင်းကျွတ်ဂါရဝလက်ဆောင်ပေးအပ်ခြင်းသည် "ချမ်းဟန်" ဆေးရုံ၏နှစ်စဥ်ပြုနေကျအစဥ်အလာတစ်ခုပင်။

ကုသရေးပိုင်းတွင်တော့အထူးကုတက်နေဆဲချမ်း,သည် အုပ်ချုပ်ရေးပိုင်းမှာတော့ ပိုင်ရှင်ဖြစ်သည့်အလျောက်ကိစ္စတိုင်းလိုလိုပါဝင်နေရမြဲ။ စာရွက်တစ်မျက်နှာအပြီးနောက်တစ်မျက်နှာကိုထပ်စစ်ရန်လှန်လိုက်ချိန်မှာတော့ သူ့ဖုန်းထဲသို့မက်ဆေ့ချ်ဝင်လာသံကြားလိုက်ရသည်။ ချမ်း,ဖုန်းလှမ်းယူလိုက်ပြီးကြည့်လိုက်သောအခါ photo message လေးကသူ့ရင်အစုံကိုအေးချမ်းသွားစေပြီး အလိုအလျောက်ဖြစ်တည်လာသောအပြုံးများဖြစ်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် ပုံလေးအောက်ကစာကိုအကြည့်ရောက်သွားလေ၏။

[ နင်တို့ပေါက်စတွေကလည်းထွားလိုက်တာဟယ်...တဖြည်းဖြည်းပီပြင်လာလိုက်တာငါးလလို့တောင်မထင်ရဘူး  အမလေး ငါ့ဟားနလေးသနားပါတယ်ဟဲ့ ... ဧရာမနှစ်ကောင်ကိုလွယ်ထားရတာ]

ချမ်း,ခွါညို့စာကိုအပြုံးတစ်ပိုင်းဖြင့်ဖတ်လိုက်ပြီးနောက် လက်ချောင်းတွေက keyboard ပေါ်ခပ်မြန်မြန်ရွေ့လျားကာစာပြန်လိုက်ပါသည်။

[ဟဲ့..နင်နော်ငါ့ကလေးတွေကို ဘာဧရာမလဲ ချိုးချိုးဖဲ့ဖဲ့ပြောရက်လိုက်တာ အပြောအဆိုမတတ်လို့ဘဲမရတာ နူးနူးညံ့ညံ့လေးပြောစမ်းပါဟ!!!]

[နူးနူးညံ့ညံ့တော့မပြောနိုင်ပေါင်..ဘဲမရလည်းဘာအရေးလဲ ဟားဟားကိုဆွဲစားလိုက်မှာပေါ့]

[အလိုမတူရင်မိန်းကလေးချင်းလည်း rape caseဘဲ...အညိုမရေ ကြည့်လုပ် ကြည့်လုပ်]

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now