Part-31(Unicode)

34.1K 2.6K 759
                                    

မေတ္တာဘဲဖြစ်ဖြစ် စေတနာဘဲဖြစ်ဖြစ်သာမန်ထက်ပိုပေးမိရင်တန်ဖိုးထားမခံရတော့ဘဲ သာမန်ထက်ပိုနာကျင်ရတယ် ဆိုတဲ့စကားသိပ်မှန်ပါလား။

သားနှစ်ယောက်ပေါ်ထားတဲ့သူမရဲ့မေတ္တာတွေကအေးချမ်းပါတယ်။ဒါကိုဘာလို့ ဒီလိုလုပ်သွားရက်ကြတာလဲ။ အရမ်းပေါပေါလောလောရနေလို့မမြင်ကြတော့တာလား။ နောက်ပြီး သားကြီး။ သားကြီးကဘာ့ကြောင့်ဒီလောက်ပြောင်းလဲသွားရတာလဲ။
တစ်ချိန်လုံးသားငယ်ကိုဘဲကြည့်နေခဲ့တာလား။သူဒီလိုလုပ်လို့မရဘူးလေ သားငယ်ကသူ့ညီလေးလေ။အချိန်တန်ရင်သားနှစ်ယောက်လုံးအိမ်ထောင်ပြုကြမယ်။ သူမတို့လင်မယားကသားတွေရဲ့ကလေးတွေကိုထိန်းပြီးဘဝနေဝင်ချိန်ကိုအေးဆေးဖြတ်သန်းကြမယ်။ လူဦးရေနည်းလှတဲ့ဒီအိမ်ကြီးမှာ နောက်တိုးလာမယ့်လူဦးရေလေးတွေကိုတွေးပြီးပျော်နေခဲ့တာ။အခုတော့တစ်ခါမှမမျှော်လင့်ထားတဲ့ကိစ္စကြီးကဒီမိသားစုအပေါ်တည့်တည့်ကျရောက်လာခဲ့လေပြီ။

ပွင့်လင်းလာတဲ့ခေတ်သစ်ကြီးမှာဒီလိုလူငယ်အတွဲတွေကိုမကြာခဏတွေ့နေရပေမယ့် သားတို့ကိုယုံကြည်တဲ့စိတ်နဲ့သူမနဲ့မဆိုင်သလိုသာနေခဲ့ပြီးစိတ်မဝင်စားခဲ့ပေ။ ဘယ်ကနေဘယ်လိုတွေစမှားလဲမသိတော့ပါ။ မတွေးကောင်းဘူးဆိုပေမယ့်သားငယ်ကို
ခေါ်လာမိခဲ့တဲ့ သူမတို့အမှားတွေများလား။

သားငယ်ကလိမ်လိမ်မာမာနဲ့အေးအေးချမ်းချမ်းလေးနေခဲ့တာဒီလိုတွေလုပ်သွားဖို့လား။
==================================

ကားရပ်သံကြားသည်။ ခေတ္တအကြာမှာတော့အခန်းတံခါးဖွင့်သံနှင့်အတူသူမထံလျှောက်လှမ်းလာသောခြေသံတစ်သံ။ ခြေသံအရအမျိုးသားပင်ဖြစ်သည်။

အခန်းတံခါးကျောပေးအိပ်နေသူ၏ပခုံးသားကိုညင်ညင်သာသာထိတွေ့လိုက်ပြီး...

"မေ...ကလေးတွေရောက်လာပြီ ကိုယ်တို့စကားပြောရအောင်နော်"

ပြောပြီးတအောင့်အကြာသက်ပြင်းသဲ့သဲ့ချသံနှင့်အခန်းပြင်ပြန်ထွက်သွားပုံရသည့်ခင်ပွန်း။

မိုးကလည်းဒီအချိန်ကျမှရွာနေလိုက်တာ။ ဒေါ်မေသူအောက်အပေါ်ဝတ်အနွေးထည်အပါးလေးကိုပြန်ပြင်လိုက်ရင်း ကုတင်ခေါင်းရင်းကိုကျောမှီကာတိတ်တိတ်လေးထိုင်စောင့်နေမိသည်။ စိတ်ထောင်းကိုယ်ကြေဆိုသလိုသားတွေဇောနှင့်အိပ်ရာထဲကယခုထိမထနိုင်။ သားငယ်ပြန်ရောက်သည့်နေ့က ရွှင်လန်းလာသောစိတ်အစဥ်သည် မကြာသောအချိန်၌ပင်အောက်ဆုံးတိုင်ခုန်ဆင်းသွားပြန်၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now