Part-67 (U+Z)

23.3K 1.4K 82
                                    

အမြွှာလေးတို့မွေးပြီးတစ်ပတ်ခန့်ကြာသော်.....

သုံးလပိုင်းလဆန်းလောက်မှမွေးမယ်လို့ခန့်မှန်းထားခဲ့ပေမယ့် ကျွန်တော်တို့ကလေးတွေဟာရက်အနည်းငယ်စောပြီးရောက်လာခဲ့ပါတယ်။ ဒီလိုစောစောရောက်လာမယ်မှန်း မထင်မှတ်ထားခဲ့တာကြောင့် ‌‌ဂျပန်သွားမယ့်မူလအစီအစဥ်ကိုဖျက်ပြီး အစီအစဥ်သစ်တစ်ခုအမြန်ဆွဲရတော့တာပေါ့။ ‌ကျွန်တော့်ရဲ့ရုံးအလုပ်တွေကိုတော့ထုံးစံအတိုင်း အဖေ့လက်ထဲအပ်ခဲ့ပြီး ချမ်း,ရဲ့အလုပ်တွေကတော့အမေနဲ့လင်းထွဋ်တာဝန်ဖြစ်သွားရပြန်ပါတယ်။ ဗီဇာကိစ္စနဲ့တခြားကိစ္စအဝဝစီစဥ်ပြီးတဲ့နောက်မှာတော့ ကျွန်တော်နဲ့ချမ်း ကလေးတွေကိုပြန်ခေါ်မယ့်ခရီးစခဲ့ပါ၏။

ပထမတစ်ခေါက်ဂျပန်လာတုန်းကတစ်လမ်းလုံးအိပ်လိုက်လာခဲ့တဲ့ချမ်း,ယခုတစ်ခေါက်မှာတော့ ဂျပန်အမြန်ရောက်ချင်စိတ်ကသာကြီးစိုးနေတာကြောင့်အိပ်ဖို့လည်းသတိမရတော့။ ဖင်တကြွကြွဖြစ်နေတဲ့ကောင်လေးဟာ ဖြစ်နိုင်ရင်လေယာဥ်ပြတင်းကနေခုန်ဆင်းပစ်ချင်နေသည့်အလား။

ဘုန်းဟန်,သူ့ဘေးမှအမြန်ရောက်လိုဇောကပ်နေသည့်မျက်နှာနှင့်အမျိုးသားလေးအားငဲ့စောင်းကြည့်လိုက်ပါသည်။ လက်ဖဝါးတွေကိုအချင်းချင်းပွတ်သပ်နေတဲ့ချမ်း,ကသူကြည့်နေတာသိတော့ သူ့ကိုပြန်ကြည့်လာပြီးတစ်ဝက်တည်းသော အပြုံးကိုခပ်မြန်မြန်ပြုံးပြပြီးအရှေ့ပြန်လှည့်သွားပါသည်။ လက်ဖဝါးတွေအချင်းချင်းပွတ်လိုက်  ဒူးခေါင်းကိုလက်ဖဝါးဖြင့်ပွတ်လိုက်နဲ့ဂနာမငြိမ်ဖြစ်နေတဲ့သူရဲ့ရင်ထဲမှာ "မြန်မြန်ရောက်ပါတော့" ဟုအော်ဟစ်နေပုံရပါသည်။

ဘုန်းဟန်,ချမ်းရဲ့လက်ကလေးတွေကိုဆွဲယူလိုက်ပြီး ပူပန်မှုတွေလျော့ပါးစေရန်ရည်ရွယ်ကာ တင်းတင်းအုပ်ကိုင်ထားလိုက်ပါ၏။ ချမ်း,၏ပူပန်မှုတွေကိုလျော့စေလိုသူ၏လက်အစုံသည်လည်း စိတ်လှုပ်ရှားမှုကြောင့်အေးစက်စက်ဖြစ်နေလျက်။ အားလုံးခြုံငုံလိုက်ရလျှင် စိတ်လှုပ်ရှားခြင်း၊ ပူပန်ခြင်းဆိုတဲ့ခံစားချက်တွေပေါင်းစပ်ပါဝင်နေတဲ့ဖခင်နှစ်ယောက်ရဲ့လက်တွေသည် တစ်ဦးထက်တစ်ဦးမပိုသောမလျော့သောအနေအထားဖြင့်အေးစက်နေခဲ့ကြပါသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now