Part-26(U+Z)

31.7K 2.7K 58
                                    

မနက် ၃:၂၄  'ဟန်' ရုံးချုပ်၏သီးသန့်မြေအောက်ကားပါကင်တစ်နေရာ။ အတိအကျဆိုရသော် ဥက္ကဌနှင့်အနာဂါတ်ဥက္ကဌလောင်းတို့၏ဆိုင်ရာကားများသာရပ်နားခွင့်ရှိသောကားပါကင်။

တင်ထွန်းနိုင်နှင့်အတူပါလာသောအိတ်ကိုဖွင့်၍ အခန်းအလယ်ရှိစားပွဲပေါ်သို့သွန်ချလိုက်သည်။ ဘဏ်ထဲမထည့်ရဲ၍အထုပ်လိုက်ရှိနေသေးသောသောင်းတန်အုပ်များ။ အချို့အုပ်တွေတွေကတော့အရာယွင်းနေပြီပေါ့။ စာအုပ်အချို့၊အဝတ်အစားအချို့နှင့် usb stickတစ်ခု။ ထိုအိတ်ပိုင်ရှင်ကတော့ခုံပေါ်မှာထိုင်လျက်အိပ်မောကျနေဆဲ။

ညိုချော stickကိုယူကာ laptop နှင့်ချိတ်ဆက်၍ဖွင့်လိုက်သောအခါပေါ်လာသည့် video အရဤပြဿနာ၏စီစဥ်သူနှင့်ပါဝင်ကပြသူများကိုနာမည်စာတန်းထိုးစရာမလိုဘဲမြင်တာနှင့်သိခွင့်ရလိုက်ပါတော့သည်။Screenမှာလှုပ်ရှားနေသည့် videoသည် ဆိုင်တစ်ဆိုင်၏private roomတွင်ရိုက်ထားပုံရကာ သေချာကြည့်မည်ဆိုပါက screenနှင့်အနီးဆုံးနေရာတွင်အရွက်တချို့ဖုံးအုပ်နေမည်ကိုတွေ့ရမည်ဖြစ်သည်။ ပေါ်တင်မဟုတ်ဘဲခိုးရိုက်ထားပုံအရ တင်ထွန်းနိုင်လည်းသူ့အတွက်အာမခံချက်ကိုသူ့နည်းသူ့ဟန်ဖြင့်ရှာဖွေထားပုံပင်။ videoထဲမှာလူသုံးယောက်နှင့်ကြားခံစားပွဲပေါ်တွင်ငွေထုပ်များအထပ်လိုက်တင်ထားသည်ကိုတွေ့ရ၏။ တင်ထွန်းနိုင်ကအရှေ့မှလူနှစ်ယောက်နှင့်မျက်နှာချင်းဆိုင်ထိုင်နေကာ သူ့ရှေ့မှလူများကတော့ဓားရိုးကမ်းပေးသည့် လွင်ဦးမောင်နှင့် ထိုဓားကိုသယ်ဆောင်ပေးသူကတော့ ဘုန်းဟန်ထင်ထားသည့်အတိုင်း ဦးဖြိုးဇေယျဖြစ်ပါ၏။

ထို video ကိုမှောင်ရိပ်ကျသည့်တစ်နေရာတွင်လက်ပိုက်လျက်ခြေချိတ်ထိုင်နေသောသူထံပြလိုက်တော့ထိုသူကပါးစပ်ပိတ်ရင်းသာခေါင်းအသာယမ်း၍ရယ်ပါ၏။ ထို့နောက်ခေါင်းတစ်ချက်ညိတ်ပြလိုက်သည့်အခါ သူ့ဘေးမှမြန်မာဝတ်စုံနှင့်လူတစ်ယောက်က တင်ထွန်းနိုင်ဆီခပ်သွက်သွက်လှမ်းသွားပြီးအနားရောက်သည့်အချိန်မှာတော့.....

ဖြန်း!!!!!!!!!!!

လက်ခနဲဖြစ်သွားပြီးသတိမေ့သွားသူမှာတော့ ယခုတစ်ဖန်လက်ခနဲဖြစ်သွားပြီးအသိပြန်ဝင်လာရတော့သည်။မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ‌အလန့်တကြားနိုးလာသူက မရင်းနှီးသောပတ်ဝန်းကျင်ကြောင့်ဘေးဘီဝဲယာကိုအယောင်ယောင်အမှားမှားနှင့်မျက်စိနောက်ဖွယ်ကြည့်နေရင်း ညိုချောကိုတွေ့သည်နှင့်...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now