Part-50(U+Z)

25.8K 1.8K 324
                                    

လက်တစ်ဖက်ကဖုန်းခေါ်ဆိုမှုတစ်ခုပြုနေပြီး တစ်ဖက်က,ကား steering ကိုထိန်းနေရသည်။ ကားသုံးစီးအကျော်လောက်တွင်ရှိနေသော ကားကိုလည်းမျက်ခြေမပြတ်စေဖို့ အာရုံစိုက်နေရသည့်အတွက် လင်းထွဋ်တစ်ယောက်တည်းဗျာများနေရ၏။ ဒီကြားထဲခေါ်နေတဲ့ဖုန်းကလည်း ဝင်သာဝင်ပြီးလက်ခံဖြေဆိုမှုမရှိတော့အပူလုံးတွေပိုကြွလာရပြီး....

"ကျွတ် !!! ဖုန်းကိုင်ပါ အောင်ဘုန်းဟန်ရ!!"

ထိုစဥ် သူ့ကားမှာမီးပွိုင့်မိသွားရပြီး အရှေ့ကကားမှာတော့လှောင်ချိုင့်မှလွတ်သွားသည့်ငှက်ပမာမောင်းနှင်သွားလေ၏။ လင်းထွဋ်ကား steering ကိုတစ်ချက်ပိတ်ထုလိုက်ပြီးနောက်...

"တောက် !!! ကွာ...!"

မြင်ကွင်းထဲမှတဖြည်းဖြည်းဝေးသွားသည့် ကားကိုကြည့်ပြီး လွန်ခဲ့သည့်နာရီဝက်ခန့်လောက်က ဆေးရုံမြေအောက်ကားပါကင်တွင်တွေ့ခဲ့ရသော ဂျူနီယာလေး၏ပုံရိပ်တို့မှာသူ၏အာရုံဝယ်တရိပ်ရိပ်ပြန်ပေါ်လာသောအခါ စိုးရိမ်မှုဒီဂရီသည်အမြင့်ဆုံးအမှတ်တိုင်တက်ဆောင့်၏။

လွန်ခဲ့သော နာရီဝက်ခန့်...⏳⏳

ဌာနတွင်းအစည်းအဝေးအတွက် လိုအပ်တဲ့ဖိုင်တချို့ကားပေါ်မှာကျန်နေခဲ့တာကြောင့် မြေအောက်ကားပါကင်ဆီဆင်းလာတဲ့လင်းထွဋ်။ ရုတ်တရက်တွေ့လိုက်ရတာက ပျော့ခွေနေတဲ့ဂျူနီယာလေးအား ကားနောက်ခန်းထဲသို့အတင်းထည့်နေသည့် ရှိုင်းဝဏ္ဏမောင်။ထူးဆန်းသောအခြေအနေဖြစ်သည့်အတွက် လင်းထွဋ်အံ့ဩသွားရပြီး...

"ရှိုင်းဝဏ္ဏ မင်း..ဘာ ... ဟာ!!! လွင်ဦးမောင် !!!"

ရှိုင်းဝဏ္ဏမောင်အားဦးတည်သောအမေးစကားမဆုံးခင် မောင်းသူနေရာကိုအကြည့်ရောက်သွားတဲ့လင်းထွဋ်သည် နောက်ခန်းကိုလှည့်ကြည့်နေတဲ့သူအရှေ့ကိုပြန်အလှည့်မြင်လိုက်ရတဲ့မျက်နှာကြောင့် ထိုမျက်နှာရှင်၏အမည်နာမအားအထိတ်တလန့်ရေရွတ်မိလေသည်။ သူ့ကိုမြင်မှ လွင်ဦးမောင်လည်းကားကိုတရကြမ်းမောင်းထွက်လေ၏။

"ဟာ !! ဟေ့ ဟေ့!! မင်းတို့ဘာလုပ်တာလဲကွ !! ဟေ့ကောင် ရှိုင်းဝဏ္ဏရပ်စမ်း !!!"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now