Part-30 (Unicode)

34.8K 2.5K 363
                                    

သွေးထွက်နေသောနှာခေါင်းကိုအုပ်ကိုင်ကာ တစ်သျှူးတစ်ရွက်ဆွဲယူပြီးအလျှင်အမြန်ပွတ်သုတ်လိုက်သည်။ဒေါသတွေကြီးနေသောကုတင်ပေါ်မှကောင်လေးကိုလည်းစိတ်လျှော့ထားရန်အလို့ငှာလက်ကာပြရင်း...

"ချမ်း..အခုအရမ်းစိတ်ဆိုးနေမှာကိုယ်သိတယ်...ခဏလေးပါ ချမ်း..စိတ်လေးခဏလျှော့ထားပြီးကိုကိုပြောတာနားထောင်ပေးနော်..."

လေပြေလေးထိုးတော့ဒေါသကြောင့်နိမ့်တုံမြင့်တုံဖြစ်နေတဲ့ခန္ဓာလေးနဲ့ကောင်လေးက သူ့ကိုစူးစူးဝါးဝါးအံကြိတ်စိုက်ကြည့်လာပြီး...

"မပြောနဲ့!!! ခင်ဗျားကိုအတန်တန်ပြောထားရက်နဲ့ခင်ဗျားအမြဲတဇွတ်ထိုးလုပ်တယ် !!!"

အော်မပြောပါနဲ့ ချမ်းရယ်..မင်းအသံတွေနာလိမ့်မယ်။ စကားတောင်ကျယ်ကျယ်မပြောဖူးတဲ့ကောင်လေးက သူ့ကြောင့်အော်ဟစ်နေရပြီ။သူ စကားသေချာပြောချင်နေတာကြောင့်အနားတိုးအသွား...

"သွား...!! မလာနဲ့!!!!"

လွင့်ပျံလာတဲ့ခေါင်းအုံး ဖက်လုံး, ပြီးတော့ power bankတစ်လုံး။ ခေါင်းအုံး ဖက်လုံးတွေကသူ့ကိုမနာကျင်စေပေမယ့် ဝိတ်အနည်းငယ်ပါတဲ့ power bankကိုအားထည့်ပစ်လိုက်တဲ့အရှိန်နဲ့ပေါင်းလိုက်တော့...

"ဒုတ်....!"

သူမရှောင်ပါ။ ရှောင်ရင်ပိုဝမ်းနည်းပြီးဒေါသထပ်ထွက်လာမှာစိုးတာကြောင့် ပေတေရပ်နေလိုက်ပါ၏။မျက်လုံးထိမှာစိုး၍တော့မျက်နှာဘေးလွှဲပြီးရှောင်မိလိုက်ပါသည်။ မျက်လုံးထိလို့တော့မဖြစ်ဘူးလေ။သူလေးကိုတစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးပေးရဦးမှာမလား။

နဖူးစောင်းမှစီးကျလာသောသွေးအနည်းငယ်ကိုတစ်သျှူးဖြင့်သာထပ်သုတ်လိုက်သည်။ ပစ်ရတာမောသွားလို့လား ကျွန်တော့်သွေးတွေမြင်သွားလို့ဘဲလားတော့မသိပါ လှုပ်ရှားမှုတွေရပ်တန့်ပြီးကျွန်တော့်ကိုအံကြိတ်ကြည့်နေတဲ့ကောင်လေး။

အတွေးတွေထဲမှာတော့...

(ရှောင်ပါလား အရူးရဲ့...ခင်ဗျားကိုဘယ်သူရပ်နေခိုင်းလို့လဲ...သက်သက်သွေးထွက်ပြနေတာ..ကြိုက်တဲ့dramaခင်း လုံးဝမသနားဘူးမှတ်)

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now