Final Part (U+Z)

43.4K 1.6K 288
                                    

ကျေးငှက်လေးတွေအိပ်တန်းတက်ကုန်ပြီဖြစ်လို့ တေးဆိုသံတွေတိတ်ဆိတ်နေပြီဖြစ်တဲ့ညနေခင်းလေးတစ်ခု...။

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့အမိုးပြာနဲ့အိမ်လေးရှိတဲ့ခြံဝန်းလေးထဲမှာတော့ အိပ်တန်းတက်ကျေးငှက်လေးတွေကိုအနှောင့်အယှက်ပေးဖို့တာစူနေလေရဲ့။ ထိုခြံဝန်းလေးထဲမှာရှိတဲ့အမိုးပြာနဲ့အိမ်လေးရဲ့အပေါ်ထပ်ဘုရားခန်းမှာ ထိုနေ့မနက်စောစောကပင် ဘုန်းတော်ကြီးငါးပါးပင့်ကာ လှူဖွယ်ပစ္စည်းများနှင့်အတူ အရုဏ်ဆွမ်းပါကပ်ခဲ့သေး၏။ ထို့ပြင် မိတ်ဆွေရင်းတချို့ကိုပါအုန်းနို့ခေါက်ဆွဲဟူသောမနက်စာပါကျွေးမွေးခဲ့သေးသည်ဖြစ်ရာ သာမန်ဘုန်းကြီးဆွမ်းကပ်ပွဲတစ်ခုတော့မဖြစ်နိုင်ပေ။ ယခု ညဦးပိုင်းအချိန်မှာလည်း ထိုခြံဝန်းလေးက တူညီဝတ်စုံများဝတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းလူငယ်တချို့၏ခပ်သွက်သွက်သွားလာနေမှုများဖြင့်လှုပ်ရှားသက်ဝင်နေ၏။

ထို့ပြင် ခြံဝန်းသံပန်းတံခါးမှသည် တစ်ခြံလုံးလည်းနေရာလွတ်မကျန်ရောင်စုံအရွယ်စုံမီးလုံးများ၏ထွန်းလင်းနေမှုဖြင့်အလှဆင်ခြင်းခံထားရသည်။ ခြံအဝင်ဝလျှောက်လမ်းမှသည်လှမ်းဝင်လာခဲ့လျှင် မတိုးမကျယ်သောဂီတသံစဥ်တစ်ခုကဆီးကြိုနေလိမ့်မည်။ အဝင်ဝလျှောက်လမ်းဆုံးသည်နှင့်ခြံဝန်းမြက်ခင်းပြင်ကျယ်ကြီးပေါ်ခြေလှမ်းရတော့မည်။ ပထမခြေတစ်လှမ်းသည် အစစ်မဟုတ်သောအဝါရောင်ပိတောက်ပန်းခက်များဖြင့်ပုံဖော်ဖန်တီးထားသောမုခ်ဝတစ်ခုကိုဖြတ်သန်းသွားရမည်ဖြစ်ပြီး ထိုမုခ်ဝကိုဖြတ်ပြီးသည်နှင့် ခေတ္တရပ်ပြီးမြက်ခင်းပြင်ကျယ်တစ်ခုလုံးကိုမျက်လုံးကစားလိုက်ပါက လူအယောက်ခြောက်ဆယ်ခန့်ထိုင်နိုင်မည့်အဖြူရောင်ထိုင်ခုံလေးများကိုစီစီရီရီချခင်းထားသည်အားတွေ့ရမည်ဖြစ်သည်။ တစ်ဖက်ကိုထိုင်ခုံအလုံးသုံးဆယ်စီရှိသည်ဖြစ်ရာ အလယ်တွင်ကော်ဇောနီခင်းထားသောလျှောက်လမ်းလေးကထိုင်ခုံတွေကိုစည်းခြားထားသလိုဖြစ်နေပါ၏။

ထိုကော်ဇောနီလေးဆုံးသည်နှင့် မနိမ့်မမြင့်ပြုလုပ်ထားသောစင်မြင့်လေးတစ်ခုအားသပ်သပ်ရပ်ရပ်ထည်ထည်ဝါဝါလေးဖြင့်တွေ့မြင်နိုင်ပါသည်။ အဖြူနှင့်အညိုဖျော့ရောင်သုံးပြီးလုပ်ထားသောထိုစင်မြင့်လေးသည် ယခုညပွဲ၏အဓိကလူနှစ်ယောက်အတွက်ရည်ရွယ်ပါ၏။ ထို့ပြင် စင်မြင့်တွင်သုံးထားသည့်အညိုဖျော့ရောင်လေးသည် တစ်စုံတစ်ယောက်၏ဆံသားအရောင်နှင်တူအောင်လုပ်ထားသည်ဆိုလည်းမမှား။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now