Part-44 Yogurt🚨(Uni)

44.2K 1.9K 416
                                    


ဘုန်းဟန် ,မိမိရှေ့ရှိကော်ဖီခွက်အားမမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ကော်ဖီခွက်လက်ကိုင်ကိုတစ်ဖက်ကကိုင်ထားပြီး တစ်ဖက်ကတော့ကော်ဖီခွက်နှုတ်ခမ်းကိုလက်မဖြင့်အသာပွတ်သပ်နေမိကာစိတ်လှုပ်ရှားမှုကိုထိန်းချုပ်နေရ၏။ အကြောင်းမှာ သူ၏အရှေ့တွင်ပင်ရှိသော အမျိုးသမီးကြီး၏နှုတ်ထွက်စကားများကို စိတ်လှုပ်ရှားမှုကြောင့်သေချာအာရုံမစိုက်မိမည်စိုး၍ပင်။

"အဒေါ့်နာမည်က နှင်းစက်ပျိုပါ...ဒေါ်နှင်းစက်ပျိုပေါ့"

သူမ,အမည်ကိုမိတ်ဆက်ပြီးနောက်အမျိုးသမီးကြီးသည် စကားသံခေတ္တရပ်တန့်ကာသူမရှေ့မှကောင်လေးအားအကဲခတ်သလိုတစ်ချက်ကြည့်လိုက်၏။ ထို့နောက်...

"အဒေါ်ဘယ်ကဘယ်လိုစပြောရမှန်းမသိလို့ သားသိလိုတဲ့အရာမှန်သမျှသာမေးပါ အဒေါ်ဖြေပါ့မယ်"

ဘုန်းဟန် အသက်မှန်မှန်ရှုလိုက်ပြီး ထိုအမျိုးသမီးကြီးနှင့်မျက်နှာချင်းဆိုင်လိုက်၏။ ငယ်ဂုဏ်ထင်ဟပ်နေဆဲအလှမျိုးကျန်နေသေးသည့်အမျိိုးသမီးကြီးသည် နွမ်းလျဖျော့တော့နေသောမျက်နှာမျိုးလည်းရောစပ်နေသေးသည်။ သူမ၏ဆံနွယ်တွေနှင့်နှုတ်ခမ်းအောက်ရှိမှဲ့နက်လေးတစ်လုံးကတော့ ဘုန်းဟန်ကိုခွန်းတုံ့ပြန်စကားပျောက်ရှစေကာ အတွေးနယ်ထဲခေတ္တဆွဲငင်ခေါ်သွားလေ၏။

(ကိုယ်သိပ်မြတ်နိုးရတဲ့ဆံညိုလေးနဲ့မှဲ့လေး‌က မင်းအမေဆီကရတဲ့အမွေဘဲ ချမ်းလေးရဲ့)

ချမ်း,အကြောင်းတွေးမိတော့ဖြစ်တည်လာတဲ့အပြုံးနုသေးသေးလေးဟာခေတ္တမျှသာ။

"ကျွန်တော်အကုန်သိချင်ပါတယ်...ဒီနေ့အိမ်ရှေ့ကိုဘာ့ကြောင့်ရောက်လာတာလဲဆိုတာကိုရောသိချင်ပါတယ်..အားလုံးပေါ့"

ထိုအခါအမျိုးသမီးကြီးက သူမရှေ့ရှိကော်ဖီကိုတစ်ငုံယူသောက်လိုက်ပြီးနောက် သူ့ကိုကြည့်လာကာစကားစလေတော့၏။

"သားရဲ့အဖေနဲ့စီးပွါးပြိုင်ဘက်ဖြစ်တဲ့ ဦးနေလင်းမောင်ကိုသားကောင်းကောင်းသိမှာပေါ့"

"ဟုတ်...ကျွန်တော်သိပါတယ်"

"အဒေါ်က ဦးနေလင်းမောင်ရဲ့အတွင်းရေးမှူးအနေနဲ့အလုပ်လုပ်ခဲ့ဖူးပါတယ်"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now