Part-25 (U+Z)

33.8K 2.7K 161
                                    

ဘုန်းဟန် notice စာကိုသေချာဖတ်လိုက်ပြီးမှစားပွဲပေါ်ပြန်တင်လိုက်၏။ တည်သောမျက်နှာထားဖြင့်ခုံပေါ်ကျောမှီလိုက်ပြီးမှန်နံရံမှတစ်ဆင့်အပြင်သို့အကြည့်ပို့လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘုန်းဟန် notice စာကိုသေချာဖတ်လိုက်ပြီးမှစားပွဲပေါ်ပြန်တင်လိုက်၏။ တည်သောမျက်နှာထားဖြင့်ခုံပေါ်ကျောမှီလိုက်ပြီးမှန်နံရံမှတစ်ဆင့်အပြင်သို့အကြည့်ပို့လိုက်သည်။

ခေါင်းထဲမှာအတွေးပေါင်းများစွာလူးလားခေါက်ပြန်ပြေးလွှားနေလျက်။ အဘယ့်ကြောင့်ထိုကွန်ဒိုဒီဇိုင်းကSkyနဲ့သွားတူနေရသလဲ။ လုပ်ငန်းစတာနှစ်လအကြာမှာမှဘာ့ကြောင့်ဒီလို noticeစာရောက်လာရသလဲ။ လွင်ဦးမောင်ဆိုတဲ့ကောင်ကအပိုင်ကွက်မရှိဘဲ
တည့်မစိန်ခေါ်ရဲလောက်ဘူး။ ဘုန်းဟန် စားပွဲပေါ်ရှိဖုန်းပေါ်မှ  intercom ခလုတ်အားနှိပ်လိုက်ပြီး...

"Design က headကိုငါဆီအခုလာဖို့ပြောလိုက်"

ဘုန်းဟန်,စားပွဲကိုလက်ညှိုးဖြင့်တစ်ချက်ချင်းတစ်တောက်တောက်ခေါက်နေရင်း ထိုသူအလာကိုစောင့်နေလိုက်၏။ ငါးမိနစ်ခန့်အကြာတံခါးခေါက်သံတစ်ခုထွက်ပေါ်လာသဖြင့်...

"ဝင်ခဲ့ပါ"

တံခါးပွင့်သွားပြီး ဝင်လာသူကြောင့်ဘုန်းဟန်မျက်မှောင်ကုတ်မိရသည်။ သူသိသော Design Team ၏ headသည်ယခုဝင်လာသူမဟုတ်ပါ။

"ကျွန်တော်ရောက်ပါပြီ CEO"

ဘုန်းဟန် မိမိရှေ့လက်ချင်းယှက်ရပ်နေသူအားခပ်စိမ်းစိမ်းတစ်ချက်ကြည့်လိုက်ရင်း...

"မင်းကဘယ်သူလဲ"

"ကျွန်တော်  လက်‌ထောက်headပါခင်ဗျ"

"ဘာ !!!!!"

သူ့ 'ဘာ' ကြောင့်အရှေ့မှတစ်ယောက်တုန်ခနဲဖြစ်သွားပြီး အလန့်တကြားကြည့်လေ၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now