Part-68 (U+Z)

22.8K 1.4K 213
                                    

"ကလေးကိုဘာတွေလုပ်ထားပြန်တာလဲကိုကိုရာ !"

ချမ်း,သမီးကိုချီလိုက်ပြီးကိုကို့ကိုဦးတည်ပြောလိုက်တော့ အနည်းငယ်မာနေတဲ့သူ့လေသံကြောင့် ကိုကိုကမျက်နှာငယ်လေးလုပ်ပြကာတိတ်ဆိတ်နေ၏။ မသိရင်ကိုယ်ကဘဲသူ့ကိုမတရားပြောနေသလိုလို။ သူ့အဖေမျက်နှာလည်းညှိုးရောသမီးက...

"ဖေရီးကိုချူနဲ့ .. ချမ်းချမ်းယူချိုးရုပ်မို့ မွေးဒွေရွှဲခိုင်းဒါ"

"သမီးမျက်နှာကိုအဲ့လိုဆွဲရင် ဖုဖုတွေပေါက်လာမှာစိုးလို့ဖေဖေကပြောနေတာလေ"

"ယူချိုးရုပ်မှာ .. ယူချိုးရုပ်မှနာနာဖြစ်ရင် တိုတိုဘုန်းကဆေးတုပေးမှာ"

"တိုဘုန်းကချာဝန်ရုပ်နာ ဖေ့!"

ကလေးနှစ်ယောက်လူဆိုးနဲ့ဆရာဝန်လုပ်တမ်းကစားနေကြတာပင်။ ဒီနေရာမှာလူဆိုးဖြစ်တဲ့သမီးကသူ့ကိုလူဆိုးနဲ့တူအောင် နှုတ်ခမ်းမွေး၊မုတ်ဆိတ်မွေးတွေဆွဲခိုင်းထားခြင်းပင်။ ကိုကိုကသူ့သမီးကိုသူ့လိုမျိုးစီးပွါးရေးလုပ်ငန်းရှင်ဖြစ်စေချင်ပုံရသည်။ တစ်ခါတစ်ခါဆိုသူ့ suitတွေနဲ့ပုံစံတူ suitအသေးစားလေးတွေချုပ်လာပြီး သမီးကိုဆင်ပေးသလို သားအတွက်တော့ ဂျူတီကုတ်အသေးလေးတွေချုပ်လာလေ့ရှိ၏။ ပြီးလျှင်တော့ ကလေးတွေကိုထိုအဝတ်တွေဝတ်ပေးပြီး သူပါကလေးတွေနှင့်ရောကာကစားနည်းပေါင်းစုံနှင့်ကစားကြပါတော့သည်။ ဘယ်လိုပြောပြောမရသည့်အဆုံးသူလည်း ထိုသားအဖတွေကိုဘေးမဲ့သာပေးထားလိုက်တော့သည်။ ယခုဘေးမဲ့ပေးထားသည်ကိုအကောင်းမှတ်ပြီး တစ်ဆင့်တက်ကာတစ်အိမ်လုံးဗြောင်းဆန်နေအောင်မွှေထားကြပြန်သည်။ ကလေးတွေနှင့်အပြိုင်သူငယ်ပြန်နေသောအမျိုးသားကိုတော့ခပ်ဆတ်ဆတ်လေးရိုက်ပစ်ချင်နေပါပြီ။

ချမ်း,သက်ပြင်းသေးသေးလေးချပြီး ကိုကို့လက်ထဲလက်ထဲမှပန်းကန်ပြားကိုအကြည့်ရောက်ပြီးမေးလိုက်ပြန်သည်။

"အဲ့ဒါကရောဘာတွေလဲ ?"

ကိုကိုပြန်မဖြေခင် သူ့ကိုလည်ပင်းတစ်ဆုံးမော့ကြည့်နေတဲ့သားက..နှုတ်ခမ်းလေးဆူထော်လာပြီး..

"နှုံထုပ် ဖေဖေ...ညီမရေးဂိုကျွေးမို့ ဖေရီးကရုပ်နေဒါ"

ညီမလေးကိုကျွေးမလို့ဖေကြီးကလုပ်နေတာ , ဆိုသောစကားကိုတော့နားလည်လိုက်ပေမယ့် နှုံထုပ် ဆိုသောနှစ်လုံးကိုတော့ ချမ်း,မသိတာကြောင့် ကိုကို့အားမျက်ခုံးပင့်ပြကာမေးလေတော့ ကိုကိုကပန်းကန်ထဲမှမုန့်အိအိအားတစ်ဖဲ့ဖဲ့ကာ သူ့ဆီခွံ့လာပြီး...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now