Part-46 Pre-Devil (U+Z)

23.4K 1.8K 77
                                    

ဒေါ်နှင်းစက်ပျိုဆုံးပြီးနောက်တစ်နေ့ည ၂နာရီ...။

လေပြေတွေတသုန်သုန်တိုက်ခတ်နေတဲ့ ကွင်းပြင်ကျယ်တစ်ခု။ ကွင်းပြင်ကျယ်ဆိုတာထက် တစ်ကွင်းလုံးဖြူဖွေးအောင်ပွင့်နေတဲ့ဂန္ဓာပန်းခင်းကြီးဆိုပိုမှန်ပါလိမ့်မယ်။ ရိုးတံစိမ်းနဲ့အဖြူရောင်ပန်းပွင့်တွေဟာ မျက်စိတစ်ဆုံးရှိနေတာကကောင်းကင်ပြင်ကြီးနဲ့ထိစပ်လုမတတ်။ ခန္ဓာကိုယ်‌ပေါ်မှာတဖျပ်ဖျပ်လွင့်နေတဲ့အဝတ်အစားတွေဟာ လေပြည်ညှင်းတွေရဲ့သက်ရောက်မှုပြယုဂ်အလား။သူ့လက်တွေကိုဖြုတ်ချလိုက်တော့ ကောင်လေးဟာဖြုတ်ချခံလိုက်ရတဲ့လက်ဖဝါးကိုတစ်လှည့် ဖြုတ်ချသွားသူကိုတစ်လှည့်ကြည့်လိုက်ပါ၏။ သို့သော် ဖြုတ်ချသွားသူကဘေးတွင်ရှိမနေပါ။ကောင်လေးရဲ့မျက်ဝန်းတွေဟာ စိုးထိတ်မှု၏ဖော်ပြချက်အဖြစ်ဝိုင်းစက်သွားခဲ့ပါသည်။ အလန့်တကြားရှေ့လှည့်အကြည့်မှာ ကောင်လေးရဲ့အပြုံးနဲ့တစ်ထပ်တည်းတူတဲ့နောက်အပြုံးမျက်နှာတစ်ခု။ တူညီတဲ့အပြုံးမျိုးလည်းကောင်လေးရဲ့မျက်နှာဝယ် ဖြစ်တည်လာခဲ့ပါသည်။

"သွားတော့မလို့လား..."

အညိုရောင်ဆံပင်ရှည်ပိုင်ရှင်ကခေါင်းညိတ်ပြလျက်...

"ပြေးလွှားမှုတွေပြီးဆုံးပါပြီ...အရမ်းပင်ပန်းခဲ့ရမှာဘဲ..."

အညိုရောင်ဆံပင်ရှည်ပိုင်ရှင်ကခေါင်းအသာခါယမ်းပြလျက်...

"ကျေးဇူးတင်ပါတယ်...ငါ့အမေရဲ့ပုံပန်းသဏ္ဌာန်ကဒီလိုလေးပါလားဆိုပြီးမြင်တွေ့ခွင့်ရခဲ့လို့ ...ထပ်ပြီးကျေးဇူးတင်ပါတယ်... လူဖြစ်ခွင့်ပေးခဲ့လို့..."

အညိုရောင်ဆံပင်ရှည်ပိုင်ရှင်ကအလှဆုံးပြုံးပြနေလျက်...

"ဘာလို့ပြေးလွှားနေခဲ့ရလဲမသိပေမယ့် နောက်သွားမယ့်လမ်းခရီးကသာယာအေးချမ်းပါစေဗျ..."

အညိုရောင်ဆံပင်ရှည်ပိုင်ရှင်မျက်ခုံးအစုံသည်အပေါ်သို့တက်သွားပြီးနောက်ပါးစပ်အနည်းငယ်ဟ,သွားခဲ့ပါ၏။ ချက်ချင်းပင် ထိုမျက်နှာသည် မူလအတိုင်းပြန်လည်ပြုံးယောင်သန်းလာခဲ့သည်။ ထိုမျက်နှာအမူအယာကိုဖတ်ကြည့်တော့ "အို...ကလေးရယ်" ဟုဘာသာပြန်လို့ရခဲ့ပါသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now