Part-24 (U+Z)

33.4K 2.7K 407
                                    

ခါးတစ်ဝက်သာရှိသောလက်ရန်းကိုအားပြုထောက်ထားသော စိမ်းပုပ်ရောင်ခွဲခန်းဝတ်စုံလေးနဲ့ဆရာဝန်လေးတစ်ယောက်။ ခရေပင်တွေမှတစ်ဆင့်သယ်ဆောင်လာသော O₂ ကိုမျက်နှာလေးမော့ကာအားပါးတရရှုရှိုက်နေ၏။ ထွက်လေအလှည့်အဆုံးမှာတော့မျက်နှာနုနုပေါ်တွင်အပြုံးလေးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။ အောင်မြင်ခဲ့သောပထမဆုံး Operation အတွေ့အကြုံ၏ ပီတိအဟုန်ငွေ့ရည်ဖွဲ့မှုကြောင့် သူ၏မျက်နှာထက်အပြုံးမိုးရွာသွန်းဖြိုးစေ၏။

ကြည်လင်သောမျက်နှာလေးကမွန်မြတ်သောအမှုပြုခဲ့သည့်လက်လေးနှစ်ဖက်ကိုသေချာစူးစိုက်ကြည့်နေရင်းမှအားမရစွာ လက်ဖဝါးတစ်ဖက်စီကိုဖွဖွနမ်းရှိုက်လိုက်ပြီး မေမေပြောနေကျစကားများဖြစ်သည့်....

["ကိုယ့်ကိုကိုယ်ချစ်ဖို့မမေ့နဲ့...ကိုယ့်ကိုကိုယ်ချီးကျူးဖို့မမေ့နဲ့...ကိုယ့်ကိုကိုယ်မှမချစ်ရင်မချီးကျူးရင် တစ်ပါးသူအပေါ် တူညီတဲ့အမှုပြုပေးဖို့ သားတွန့်ဆုတ်နေလိမ့်မယ်"]

အထက်ပါစကားလေးကိုကြားယောင်မိတော့.. ချမ်းတစ်ကိုယ်တည်းကြားရုံလေး...

"ချမ်း...မင်္ဂလာနံနက်ခင်းနော်...အသက်လေးတွေဆက်ပေးရတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲ..ဒါတောင်မင်းအကူအနေနဲ့ဘဲဝင်ရသေးတာ...အစအဆုံးသာဦးဆောင်ခွင့်ရလို့ကတော့မင်းမျက်နှာကြီးပုရွက်ဆိတ်တက်နေလောက်မယ်..ဟီး...မေမေ့ကိုဖုန်း
ဆက်ရမယ်..."

အင်္ကျီအောက်ခြေအိတ်ကပ်မှဖုန်းကိုယူပြီးအဖွင့်...တက်လာသော noti ကထုံးစံအတိုင်း"Morning Chann ချစ်တယ်" ပေါ့။ ညကျရင်လည်း တက်လာမယ့်notiက "Good night Chann ချစ်တယ်" ဒါဘဲ။ ခြောက်လ လုံးလုံးမပျက်မကွက်မညည်းမငြူပို့နေတဲ့စာတိုနှစ်စောင်အား copy paste လုပ်ထားသလားလို့တောင် ချမ်း,သံသယဝင်လာလုနီးနီး။ တကယ်ပါဘဲဘယ်ခေတ်မှာနေနေတာလဲမသိဘူး။ ကိုကိုသာဒီလိုပုံနဲ့ရည်းစားထားကြည့် အခုအဖြေပေး အခုအဖြတ်ခံရပြီး ကမ္ဘာ့သက်တမ်းအတိုဆုံးrelationအဖြစ် Guinnessစံချိန်ဝင်နိုင်လောက်သည်။

ချမ်း,ပြုံးရင်းသာခေါင်းယမ်းမိရင်း မေမေ့ကိုဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်ပြီးခဏအကြာ တစ်ဖက်မှလူမမြင်ရသည့်တိုင်မေတ္တာလွှမ်းသောအသံလေးကြောင့် ချမ်း,နွေးထွေးသွားရပြန်သည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now