Part-49 ☕ (U+Z)

27.9K 1.8K 275
                                    


နဖူးတည့်တည့်မှာခေါင်းပေါင်းစတစ်ထောင်ထောင်နဲ့ဖြစ်နေတဲ့သူက စပ်ဖြဲဖြဲရယ်ပြလာပြီးနောက်လက်ယက်လှမ်းခေါ်ပါ၏။

"အဟီးး ချမ်း...လာလာလာ တရားလာနာ အေ့!! ကိုကိုနဲ့အတူနိဗ္ဗာန်တက်ရအောင်နော် လာ လာ အေ့!!"

ချမ်း,ထိုအမူးသမားကိုကြည့်ကာ စိတ်ပျက်လက်ပျက်ခေါင်းယမ်းခါမိရင်းသက်ပြင်းချမိသည်။

(ငါ့နှယ်...ဒုက္ခဘဲ တစ်ပတ်လောက်စကားမပြောဘဲပစ်ထားမလို့ပါဆို အခုကလေးထိန်းရဦးမယ်)

ထို့နောက် ချမ်း,ခေါင်းထဲအကြံတစ်ခုရလာတာကြောင့် ထိုအကြံအားအကောင်အထည်ဖော်ရန်အိပ်ခန်းထဲရှိဖုန်းအားပြန်သွားယူပါ၏။ ပြန်ထွက်လာတော့ အမူးသမားကလက်အုပ်ချီပြီးတရားနာနေလျက်ရှိတုန်း။ တရားနာနေလား အိပ်ငိုက်နေလားသူကိုယ်တိုင်ဘဲသိပါလိမ့်မည်။ ချမ်း,တီဗွီနားလျှောက်သွားပြီး ပါဝါခလုတ်ပိတ်လိုက်တော့ အမူးသမားကမျက်လုံးမပွင့်တစ်ပွင့်ဖြင့်မော့ကြည့်လာပြီးနောက် တင်ပလ္လင်ခွေထိုင်ကျသွားပါ၏။ ချမ်း,သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီးနောက်...

"ဒီမှာ..."

အမူးသမားကခေါင််းမော့ကြည့်လာပြီးနောက် အာလေးလျှာလေးဖြင့်...

"အင်...ကိုကို့ကို ဒီမှာလို့ခေါ်လိုက်တာလား... ဘာလို့လဲ အေ့!! ဘာလို့စိမ်းကားနေတာလဲ ကိုယ့်အချစ်ရယ် အေ့!! ကိုကို ရေစက်တောင်မချရသေးဘူး တရားလည်းပိတ်ပစ်လိုက်တယ် ဘာလဲ  ကိုကို့ကိုနတ်ပြည်မရောက်စေချင်တာလား ဟင်..အေ့!!"

ပြောချင်တာတွေပြောပြီး ခေါင်းငိုက်စိုက်ကျသွားပြန်သည်။

(စကားများလိုက်တာ...ဒီလူ စကားတော့ဖြောင့်အောင်ပြောနိုင်သေးတာဘဲ...)

ချမ်း,လည်းစိတ်အချဥ်ပေါက်လာတာနဲ့...

"ခင်ဗျား ကျုပ်ကိုကွာရှင်းပေး"

ထိုအခါ ခေါင်းငိုက်စိုက်ကျနေသူကဆတ်ခနဲပြန်မော့ကြည့်လာကာ...

"အို့...မကြားဝံ့မနာသာတွေ ဘာစကားတွေပြောနေတာလဲ အချစ်ရယ်...ဘာကိစ္စကွာရမှာလဲ အေ့!! ကိုကိုမင်းကိုတာဝန်ယူထားတာ ကွာဖို့မှမဟုတ်တာ..နှလုံးသားကနုလို့အဲ့လိုစကားကြမ်းကြမ်းကြီးတွေနဲ့မနှိပ်စက်ပါနဲ့...အေ့!!"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now