Part-17 (U+Z)

36.5K 3.1K 143
                                    

ဒီကလူက ချမ်း,တို့ပြီးလို့ နောက်ficလေးဆီပါအလည်ခေါ်သွားချင်တယ်ဆိုရင်ရော လိုက်ခဲ့ပေးကြမှာလား...☀️☁️🌕
🔜 🔜 🔜 🔜 🔜

လက်တစ်ဖက်က Steering ကိုထိန်းကိုင်နေရင်း ကျန်တစ်ဖက်က မြတ်နိုးရာကိုထည့်သိမ်းထားသောကတ္တီပါရှုံ့အိတ်လေးကိုပွတ်သပ်နေမိသည်။ ထို့နောက်ဦးတည်ရာကိုရောက်လာသည့်ကားလေးသည်အရှိန်လျှော့သွားကာ ဆိုင်လေးတစ်ဆိုင်ရှေ့တွင်ရပ်တန့်သွားလေ၏။

Nay Yaung Chi
Handicraf Heaven

ဘုန်းဟန် ,ဆိုင်နာမည်ကိုတစ်ချက်ဖတ်ကြည့်လိုက်ပြီး...

"အိုခေ...ရောက်ပြီ"

လိုအပ်တာတွေယူလိုက်ပြီး ကားပေါ်မှဆင်းကာဆိုင်မှန်တံခါးကိုတွန်းဖွင့်ဝင်လိုက်တော့ အပေါက်ဝတွင်တပ်ထားသည့်ခေါင်းလောင်းလေးက 'ကလင် ကလင် ကလောင်' ဆိုသည့်မူပိုင်မြည်သံစွဲအလင်္ကာကိုဖော်ကြူးလေ၏။

ဆိုင်ထဲဝင်ဝင်ချင်းသစ်သားနံ့နှင့်မိုးရွာပြီးခါစမြေသင်းနံ့လိုမျိုးပါ တစ်ဆက်တည်းရလိုက်တော့ တောအုပ်လေးထဲရောက်သွားသလိုပင်ခံစားလိုက်ရသည်။ ဆိုင်ထဲဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုမိရာတော်တော်များများက အမျိုးသားတစ်ယောက်၏လှုပ်ရှားမှုအမျိုးမျိုးကိုထုဆစ်ထားသော အနုစိတ်ပန်းပုလက်ရာများ...ဘာရယ်မဟုတ်မျက်နှာကိုအနီးကပ်ကြည့်လို၍ခါးကိုငုံ့ကိုင်းကြည့်တော့ ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားပြီး စေ့စေ့ပိတ်ထားသောနှုတ်ခမ်းတစ်စုံကသာဆီးကြိုနေသည်။ မျက်နှာကိုမူရှင်းရှင်းလင်းလင်းမမြင်ရ။

သူဒီဆိုင်ကို fb pageတစ်ခုမှညွှန်းထား၍ဝင်ကြည့်ဖြစ်တော့ ဆိုင်၏ Page မှာတင်ထားသည့်လက်ပတ်ကြိုးလေးတစ်ခုကြောင့် သူ UK မသွားခင် ချမ်း,နှင့်ဆိုင်သည့်ကိုယ်ပွါးလေးတစ်ခုလုပ်ချင်သည့်စိတ်ကကြီးစိုးလာ၍ ဤဆိုင်လေးသို့အရောက်လာမိခြင်း။

"ဘာများကူညီပေးရမလဲ လူကြီးမင်းရှင့်"

ပန်းပုမျက်နှာကိုအနီးကပ်ကြည့်နေရင်း အနောက်မှထွက်လာသောအသံကြောင့် ကိုယ်ရှိန်သတ်ကာလှည့်ကြည့်လိုက်ရာဖော်ရွေစွာပြုံးပြနေတဲ့ကောင်မလေးတစ်ယောက်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now