Part-20 (U+Z)

37.4K 3.2K 389
                                    

လပြည့်ည၏ လရောင်ကိုအားပြုလျက်ပြေးနေသောအမျိုးသမီးငယ်တစ်ဦး... ပြေးနေဆဲ... ရင်ခွင်ထဲမှလသားအရွယ်ကလေးငယ်ကိုအုပ်ကိုင်ပြီး ဘီးလူးသရဲစီးနေသကဲ့သို့ဖြစ်နေသော သူများလက်မှလွတ်အောင်ပြေးနေဆဲ... ဖိနပ်လည်းဘယ်နားကျန်ခဲ့မှန်းမသိတော့...ခြေထောက်တွေပေါက်ပြဲပြီးသွေးစိမ်းရှင်ရှင်ကျနေလည်း မမှုနိုင်တော့ပါ။ ခြေထောက်ပေါက်ပြဲလို့မသေနိုင်ပေမယ့် ထိုသူတွေလက်ထဲရောက်ရင်တော့ သူမရော သားလေးပါအလောင်းဖျောက်ခံရပါလိမ့်မည်။

ပါးစပ်နဲ့နှာခေါင်းကိုအသုံးပြုကာရသမျှလေကို အဆုတ်ထဲရှုသွင်းရင်းပြေးနေဆဲ.... ရုတ်တရက်...

ရင်ခွင်ထဲမှသားကလစ်ဟာသွားခဲ့သည်။ သူမရင်ခွင်ထဲငုံ့ကြည့်တော့ အစိုင်အခဲမရှိတဲ့လေထုကိုသာပွေ့ဖက်မိပြီး တစ်ချိန်တည်းမှာဘဲ ကျက်သရေကင်းမဲ့တဲ့ရယ်သံကြောင့်နောက်လှည့်အကြည့် အနှီးဖြူဖြူနဲ့သားကခြေကားယားလက်ကားယားလေးဖြင့် အာခေါင်ခြစ်ငိုနေကြောင်းအထိတ်တလန့်တွေ့လိုက်ရ၏။ ထိုစဉ် ကျက်သရေကင်းမဲ့တဲ့ရယ်သံပိုင်ရှင်ကလက်တစ်ဖက်တည်းဖြင့် သား၏ခါးကိုဆုပ်ကိုင်ပြီး အပေါ်သို့ပစ်မြှောက်လိုက်စဥ် သူမ,၏မျက်ဝန်းအစုံမှာပြာဝေသွားပါတော့သည်။

"သားးးး !!!!!!!!!!!!"

"သမီး သမီး သတိထားလေ သမီး"

မေတ္တာဓာတ်လွှမ်းခြုံထားတဲ့အသံအဆုံးမှာတော့ သားသည်မိခင်သည်ချွေးများရွှဲနစ်စွာဖြင့်အလန့်တကြားနိုးလာခဲ့၏။ ထို့နောက် သူမ,ကို သာမန်အမျိုးသမီးများတစ်သက်လုံးမဝတ်သွားနိုင်သောဝတ်ရုံနှင့်ကရုဏာသက်စွာကြည့်နေသောအမျိုးသမီးကြီးကိုကြည့်လိုက်ပြီးနောက် ‌‌လက်အုပ်ချီလိုက်ပါ၏။

"ဆရာကြီးဘုရား..."

"အိပ်မက်ဆိုးတွေမက်ပြန်ပြီလား သမီး"

"မှန်ပါ့"

နွမ်းလျစွာဆိုလာတော့..

"အစွဲတွေ အစွဲတွေ အင်း... မိခင်ဆိုတော့လည်း..သဗ္ဗေသတ္တာကမ္မသကာ... ရေသောက်လိုက်ဦးသမီး ပြီးရင်ဆယ်မိနစ်လောက်တရားထိုင်ပြီး ပြန်အိပ်ပါ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now