Part-51📜(U+Z)

26.7K 1.8K 138
                                    

အိမ်ရှေ့သို့ရောက်သည်နှင့်ကား၏စက်အရှိန်လည်းရပ်တန့်သွားကာ ဘုန်းဟန်လည်းဆင်းလိုက်ပါ၏။ အိမ်ရှေ့ကားရပ်သံကြားသည်နှင့် ဧည့်ခန်းတွင်ထိုင်စောင့်နေပုံရသည့် အဖေနဲ့အမေကအပြေးထွက်လာကြလေသည်။ သူ့မှာရှင်းစရာကိစ္စတွေရှိနေသေး၍ ချမ်း,ကိုတစ်ယောက်တည်းစိတ်ချလက်ချမထားခဲ့နိုင်တာကြောင့် အမေတို့ဆီခေါ်လာခဲ့ရခြင်း။

ကားကိုပတ်လျှောက်ပြီးနောက် ချမ်း,ရှိရာခုံမှတံခါးကိုဆွဲဖွင့်ကာ ယခုထိသတိမလည်လာသေးသော ကောင်လေးအားအသာအယာပွေ့ချီလိုက်တော့ ခေါင်းလေးတစ်ခြမ်းကသူ့ရင်ဘက်ကိုမှီလာပြီးအလိုက်သင့်လေးပါလာ၏။ ထိုစဥ် ခြံရှေ့သို့ကားတစ်စီးဆိုက်လာတာကြောင့် ဘုန်းဟန်လှမ်းကြည့်လိုက်ပါသည်။ ကားပေါ်မှဆင်းလာသူက လင်းထွဋ်ဖြစ်နေတာကြောင့် သူလည်းချမ်း,ကိုခေါ်ပြီးအိမ်ထဲဝင်ဖို့သာဦးတည်လိုက်၏။

မိမိတို့အိမ်ပေါက်ဝရှေ့အရောက်ကျောပြင်သာမြင်လိုက်ရတဲ့သားကြီး။ ခေတ္တအကြာ သားငယ်ကိုပွေ့ချီပြီးမြင်ကွင်းရှေ့ဝင်လာသောသားကြီး၏ပုံပန်းသွင်ပြင်သည် မျက်နှာရောအင်္ကျီမှာပါသွေးများစွန်းပေနေတာကြောင့် ဦးမြတ်ဟန်တို့လင်မယားဘုရားတ,မိလေ၏။

"ဘုရား ဘုရား!! သား ဘာတွေဖြစ်ခဲ့တာလဲ?"

ယနေ့ညစာထမင်းဝိုင်းလေးကတော့ အရင်လိုမိသားစုစုံစုံနဲ့စားရတော့မှာပါလားဆိုပြီးတွေးပျော်နေတဲ့ ဦးမြတ်ဟန်တို့လင်မယား။သားနှစ်ယောက်ကိုစောင့်နေပါသော်လည်း ပုံမှန်ထက်နောက်ကျ
နေတာကြောင့် ဦးမြတ်ဟန်သားနှစ်ယောက်လုံးအားဖုန်းအကြိမ်ကြိမ်ခေါ်မိ၏။ လေးငါးခါမကသောဖုန်းခေါ်ဆိုမှုတွေဟာ လက်ခံဖြေကြားမည့်သူမရှိခဲ့ပါချေ။ သားနှစ်ယောက်ကိုခေါ်မရတာကြောင့် မောင်ညိုချောကိုခေါ်ကြည့်တော့လည်းထူးမခြားနားစွာ။ နောက်ဆုံးမောင်လင်းထွဋ်ကိုခေါ်ဖို့အလုပ်မှာ သားကြီးဆီမှဖုန်းဝင်လာခဲ့၏။ သို့သော် သားကြီးအသံမဟုတ်ဘဲ ကိုထွန်းအေးဖြစ်နေကာ.."အကိုငယ်လေးကိုလွင်ဦးမောင်ပြန်ပေးဆွဲသွားလို့ CEOလေးလိုက်သွားပါတယ် ဥက္ကဋ္ဌ"  ဟူသောပြောစကားတွင်တော့ လင်မယားနှစ်ယောက်လုံးရင်တမမဖြင့်သာကြားရမည့်သတင်းအားထိုင်စောင့်နေရ၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now