Thingyan Extra (U+Z)

15.8K 854 77
                                    


🎶 အဖြူကတစ်မျိုး အနီကတစ်မျိုး
      ရေစိုပျိုမေတွေရယ်အလှကတိုး...
      ဒီမဏ္ဍပ်ကအလှဆုံး ဘယ်လိုများရွေးရမှာတုန်း..

      အပြာရောင်လေး အဝါရောင်လေး
      ကိုယ်စီအပြိုင်အဆိုင်ဒီလိုလှတော့ငေး...
      ဒီမဏ္ဍပ်ကအလှဆုံး ဘယ်သူလဲပြောကြပါဦး🎶

သီချင်းခေတ္တရပ်သွားသည်နှင့် မိုက်ခ်ကိုင်ပြီးဟန်ပါပါဟဲနေသူက ကလေးနှစ်ယောက်အား တစ်ဖက်စီချီထားပြီး သံစဥ်စည်းချက်အလိုက်ယိမ်းထိုးလှုပ်ရှားနေသူအားတစ်ချက်လှမ်းကြည့်ကာ အားရပါးရပြုံးလိုက်၏။ ထို့နောက် သီချင်းနောက်တစ်ပိုဒ်စလာသည့်အတွက် အားရပါးရပြုံးကြည့်နေသူက မိုက်ခ်ကိုပါးစပ်နားတေ့လိုက်ပြီး အောင်မြင်ခန့်ညားသောအသံကြီးအားထုတ်လွှတ်ပြန်သည်။

🎶 ပန်းခင်းကြီးထဲရောက်သလို ဖြူနီပြာဝါရောင်စုံ
      ပေါ့.. သင်္ကြန်မယ်တွေဟိုမှာကြည့် အားလုံးဖူးပွင့်
      ကြတယ်  ရေတွေရေတွေစိုကာရွဲ ရင်ခုန်စရာ
      အတူတူချည်း  နှစ်သစ်ကူးပြောင်းတဲ့အခါအတာ
      ရေတွေကိုပက်ဖျန်း စိုစိုပါစေ နွေမှာအေး ပန်းပိ 
      တောက်တို့ပွင့်တယ  ပျိုမေတွေကလှတယ်
      အတာသင်္ကြန်မှာပျော်စရာဟေ့... 🎶

မိုက်ခ်ကိုင်ထားသူက ကလေးနှစ်ယောက်ကိုချီထားသူနားတိုးကပ်သွားပြီး...

🎶 အဖြူကတစ်မျိုး ရေးဟေး... 🎶

ထို "ရေးဟေး..." ဟူသောအသံစူးစူးသည် ကလေးနှစ်ယောက်ချီထားပြီးယိမ်းထိုးလှုပ်ရှားကခုန်နေသူထံမှထွက်လာသောအသံဖြစ်၏။ ထိုအသံထွက်ဖို့ မိုက်ခ်ကိုင်ထားသူမှမိုက်ခ်အား ကလေးနှစ်ယောက်ချီထားသူ၏ပါးစပ်နားထိုးပေးခြင်းဖြင့်ကူညီ၏။

🎶 အနီကတစ်မျိုး ရေးဟေး..
      ရေစိုပျိုမေတွေရယ်အလှကတိုး...ဟိုးဟိုး
      ဒီမဏ္ဍပ်ကအလှဆုံး ဘယ်လိုများရွေးရမှာတုန်း..

      အပြာရောင်လေး  ရေးဟေး..
      အဝါရောင်လေး    ရေးဟေး..
      ကိုယ်စီအပြိုင်အဆိုင်ဒီလိုလှတော့ငေး...ဟေး
      ဒီမဏ္ဍပ်ကအလှဆုံး ဘယ်သူလဲပြောကြပါဦး..🎶

မိုက်ခ်ကိုင်ထားသူသည် စည်းချက်အညီလှုပ်ရှားရသည်မှာအားမရလာတော့သည့်နှယ် ဝတ်ထားသောပုဆိုးအားဗိုက်ပေါ်ထိရောက်အောင်ပြင်ဝတ်လိုက်ပြီးနောက် ဆက်လက်ယိမ်းထိုးလှုပ်ရှား၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now