Part-52 Ko~~~(Uni)

28.3K 1.6K 248
                                    

ပွင့်သွားတဲ့မြင်လွှာတွေမှာ ပထမဆုံးမြင်လိုက်ရတာကအပြာဖျော့ဖျော့မျက်နှာကျက်တွေ။ ဒါ ကိုကိုနဲ့သူ့ရဲ့အိပ်ခန်းမဟုတ်ဘူး။ ဘယ်ရောက်နေပြန်တာလဲ။ ဒါပေမယ့်ဒီအခန်းအငွေ့အသက်ကိုရင်းနှီးနေသလိုဘဲ။ မျက်နှာကျက်တွေဆီရောက်နေတဲ့ မျက်လုံးအကြည့်တွေဟာ တဖြည်းဖြည်းနဲ့ဘေးဘက်ကိုရွေ့လာချိန်မှာတော့တစ်ခုပြီးတစ်ခုမြင်လာရတဲ့ပစ္စည်းတွေဟာ ချမ်း,သိချင်နေတဲ့အဖြေတွေအလား။ စိုးရိမ်မှုကြောင့်လှုပ်ရှားနေခဲ့တဲ့စိတ်ဟာလည်းဖြည်းဖြည်းချင်းနဲ့ငြိမ်သက်လာရပြီး အေးချမ်းမှုလေးဖြစ်လာရပါသည်။

(ငါ အိမ်ပြန်ရောက်နေတာဘဲ...)

စိတ်ချသွားသလိုပြန်ပိတ်ကျသွားတဲ့မျက်ခွံတွေဟာ ချက်ချင်းဆိုသလိုဘဲပြန်ပွင့်လာခဲ့ပါတယ်။

(အိမ်ရောက်နေတာဆိုတော့.... မေမေ!!)

ချမ်း,ငုတ်တုတ်ထထိုင်လိုက်စဥ်မှာဘဲ အခန်းတံခါးဟာပွင့်သွားခဲ့ပြီး ရေဇလုံလေးတစ်လုံးကိုင်ပြီးဝင်လာတဲ့မေမေ့အားတွေ့လိုက်ရပါ၏။ ကုတင်ပေါ်ကသူနဲ့အပေါက်ဝမှာဘဲခြေလှမ်းတွေရပ်နေတဲ့မေမေ အကြည့်ချင်းဆုံနေမိခဲ့တာအတွေးပေါင်းမေးခွန်းပေါင်းများစွာနဲ့ပါ။ သူသတိထားမိလိုက်တာက မေမေ့မျက်နှာဟာသူ့အမြင်မမှားဘူးဆိုရင် သူ့ကိုပြုံးကြည့်နေခဲ့တာ...။

(ဘုရားရေ!! ငါ ငါ အိပ်မက်များမက်နေတာလား.. မေမေကငါ့ကိုပြုံးကြည့်နေတယ်တဲ့... ဟင်!!  မေမေကငါ့ဆီလာနေပြီ  ‌‌တ တကယ် တကယ်ကြီးလား??)

ပြုံးပြုံးလေးနဲ့တစ်လှမ်းချင်းလှမ်းလာနေတဲ့ မေမေ့ကို ချမ်း,မျက်တောင်တဖျတ်ဖျတ်ခတ်ရင်းအံ့အားတသင့်ကြည့်နေမိပါ၏။ အိပ်မက်လား တကယ်လားယခုထိဝေခွဲမရနိုင်သေး။

အခန်းထဲစဝင်လာချိန်မှစ၍ကုတင်နားရောက်သည်အထိ မိမိအားတောက်လျှောက်ကြည့်နေသော သားငယ်လေး။ သူမ,ရဲ့အပြုံးတစ်ပွင့်ဟာသားငယ်ကိုအဲ့ဒီလောက်ထိအံ့အားသင့်နေစေပြီလား။

"နိုးပြီလား သား"

ချမ်း,မျက်လုံးများပြူးခနဲ...

သားတဲ့ဗျ...မေမေကကျွန်တော့်ကိုသားလို့ခေါ်လိုက်တယ်။ တကယ်ကြီးကြားရတော့ ဒါ အိပ်မက်မဟုတ်ဘူးပေါ့။ မကြားရတာနှစ်လလောက်ရှိပြီဖြစ်တဲ့နာမ်စားလေးကို အရမ်းမျှော်လင့်နေခဲ့တာ။ ဒီတစ်သက်ပြန်မကြားရလောက်တော့ဘူးလို့ထင်ထားတာလေ။ အခု မေမေက"သား" လို့ပြန်ခေါ်နေပြီဗျ။ ဒါဆို မေမေကကိုကိုနဲ့ကျွန်တော့်ကိုလက်ခံလိုက်ပြီဆိုတဲ့သဘောလား။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now