Part - 6 (U+Z)

42.3K 3.8K 278
                                    

သူ့မျက်လုံးတွေပွင့်လာတော့မြင်ရတဲ့အနေအထားအရ အခန်းထဲမှာဖြစ်ကြောင်းသိလိုက်ရသည်။ ညကညီလေးကိုပုံပင်ပြောပြနေရင်းအိပ်ပျော်သွားတာကြောင့် အဖေတို့ချီပြီးပို့ပေးထားတာဘဲဖြစ်ရမည်။ ဒါဆို ညီလေးကရော ??? အတွေးဖြင့်ဘေးသို့လှည့်အကြည့်မည်သူမှရှိမနေတာကြောင့် သူငေါက်ခနဲထထိုင်မိလိုက်သည်။ ထို့နောက် အခန်းထဲမှထွက်ကာအောက်ထပ်သို့အလျှင်စလိုပြေးဆင်းလာရင်း...

"ဘုန်းပြည့်ရေ ! ဘုန်းပြည့်ဘယ်မှာလဲ !! "

ထိုအခါ ထမင်းစားခန်းထဲတွင်ကြီးမှုံခွံ့ကျွေးနေသောပဲပြုတ်ထမင်းကြော်ကိုသေချာဝါးစားနေသောကောင်လေးသည် ရေနွေးကြမ်းနွေးနွေးကိုမော့သောက်လိုက်ပြီးမှ...

"ဂျာ ! ညီရေးဒီမှာ ! "

ထမင်းစားခန်းထဲမှအသံကြောင့်အပေါ်ထပ်မှ တဒုန်းဒုန်းပြေးဆင်းလာသူသည်ချက်ချင်းဆိုသလို ထမင်းစားခန်းဝသို့ရောက်လာလေ၏။ ရောက်ရောက်ချင်းညီလေးနားတိုးကပ်လာသောကောင်လေးသည်...

"အမေ ညကဘုန်းပြည့်ဘယ်မှာအိပ်တာလဲ သားနဲ့တူတူအိပ်တာလား"

"ဟုတ်တယ်လေ သားရဲ့..ညကသားတို့အောက်မှာအိပ်ပျော်သွားလို့အမေတို့အပေါ်ပို့ပေးထားတာလေ"

"ဟုတ်လား နိုးလာတော့ဘုန်းပြည့်ကိုမတွေ့လို့ပါ နေပါဦး မင်းကဘာလို့အစောကြီးနိုးနေတာလဲ..ငါ့တောင်မစောင့်ဘဲမနက်စာစားနေတယ်ပေါ့"

"ဟီးးး တားဗိုက်ချာရို့"

"ကဲပါ သားကြီးကလည်းညီလေးဗိုက်ဆာလို့စားနေတာကို သွား..မျက်နှာသွားသစ် မနက်စာစားပြီးရင်အဖေတို့ဘုရားသွားကြမယ်"

သူ့စကားကြောင့်မျက်နှာလေးပြုံးသွားတဲ့သားကြီးကမျက်နှာသစ်ဖို့ထွက်သွားလေရဲ့။ ကျန်ခဲ့တဲ့သားငယ်ကတော့ ထမင်းကြော်ကိုစိတ်ပါဝင်းစားစွာစားနေဆဲ။

ခေတ္တအကြာမျက်နှာသစ်ပြီးပြန်ရောက်လာသောသားကြီးက သားငယ်စားနေတဲ့ထမင်းကြော်ကိုကြည့်ပြီး...

"လူကြီးလားမင်းက...ရေနွေးကြမ်းတွေဘာတွေနဲ့ ဖွားမှုံသားကိုလည်းထမင်းကြော်ကျွေးပါ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now