Part-22 (U+Z)

35.8K 2.9K 232
                                    

ဦးမြတ်ဟန် laptop screenပေါ်တွင်ပြနေသောသား
ကြီးကား၏ GPS locationကိုမမှိတ်မသုန်ကြည့်မိရင်းသက်ပြင်းသာသာချမိသည်။ ယနေ့ ရန်ကုန်ကို
ပြနေသော အမှတ်အသားလေးသည်မနေ့တစ်နေ့က
တော့ ဟားခါးမှာရှိနေခဲ့သည်မဟုတ်ပါလား။

ထိုင်နေရာမှထလိုက်ရင်း တစ်ဖက်မှန်ပြတင်းမှတစ်ဆင့်မြင်ရသည့် ရေကူးကန်ပြာပြာလေးကိုကြည့်နေမိ
သည်။ ရေနစ်နေသောကြောင်လေး ဝရန်တာပေါ်မှသားကြီးမျက်နှာ ကြောင်ကုတ်ခံလိုက်ရသောသားငယ်ရဲ့လက် စတာတွေကအာရုံထဲမှာပြန်ပေါ်လာတော့ခေါင်းကိုအသာခါယမ်းလိုက်မိသည်။

(ဘာလို့ညာတာလဲ သား... သားငယ်ကိုသွားတွေ့တာပါလို့ပွင့်ပွင့်လင်းလင်းပြောလာခဲ့ရင်တောင် အဖေက
အံ့ဩရုံဘဲရှိမှာပါ.. အခု သားက,ညာတော့အဖေစိတ်
တွေလေးတယ် သားရယ်...)

ဦးမြတ်ဟန် ယခုသားကြီးရှိမည်ဟုထင်သည့်အခန်း
ကိုဖြည်းဖြည်းမှန်မှန်လျှောက်သွားလိုက်သည်။ အခန်းတံခါးဖွင့်ဝင်လိုက်တော့ ထင်သည့်အတိုင်းပင်
ကုတင်ပေါ်အိပ်မောကျနေသည့် သားကြီးအားတွေ့လိုက်ရသည်။

ဦးမြတ်ဟန် သားဖြစ်သူ၏ဆံပင်များကိုသပ်တင်ပေး
ရင်းမိမိနှင့်အလွန်တူသောသားကိုငေးကြည့်နေမိ
သည်။ ဖြည်းဖြည်းမှန်မှန်အသက်ရှုရင်းအိပ်မောကျ
နေပုံက ပီဘိကလေးတစ်ယောက်နှယ်။

(ပင်ပန်းနေမှာပေါ့ သားရယ်... လူပင်ပန်းတာကအနားယူရင်ပုံမှန်ပြန်ဖြစ်တယ် သား...အဖေကတော့
ငါ့သားတွေစိတ်ပင်ပန်းမှာဘဲကြောက်တယ်)

ထို့နောက်ဦးမြတ်ဟန်သည် ခါးလယ်ရောက်နေသော
စောင်ပါးလေးကိုသားကြီး၏ပုခုံးထိရောက်အောင်လွှမ်းခြုံပေးလိုက်သည်။ စားပွဲပေါ်ကသီချင်းသံတိုး
တိုးထွက်နေသောဖုန်းကိုပါပိတ်ပေးလိုက်ရင်းအခန်း
ထဲမှပြန်ထွက်ခဲ့လေ၏။
==================================

(Good night ကိုကို...ဇွတ်တရွတ်တွေသိပ်မလုပ်ပါ
နဲ့ကျွန်တော်ကြောက်လို့ပါ။)

ဖုန်းမှန်သားပြင်မှာမြင်နေရသည့် ကိုကို့နှုတ်ခမ်းပါး
များကိုသာသာထိတွေ့နေရင်းစိတ်ထဲမှပြောမိလေသည်။ မိမိအသက်၁၆နှစ်မှာသူ့အပေါ်ခံစားချက်တွေရှိလာ၏။သူကမိမိထက်အရင် မိမိအပေါ်ခံစားချက်တွေရှိနေတော့ ထဘဲ,ကရမလား...သန်းခေါင်စာရင်းထဲကအစ်ကိုကချစ်ခွင့်ပန်တော့ ထွက်ဘဲပြေးရမလား ထိုင်ဘဲငိုရမလား အလွန်လမ်းပျောက်ပါသည်။ မိမိအဖြစ်က All Dထွက်ပြီးဆေးကျောင်းမမီသလို ထီပေါက်ပြီးထီလက်မှတ်ပျောက်သလို မခံချိမခံသာအီလည်လည်ကြီးဖြစ်နေသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now