Part-58 💜 (U+Z)

26.6K 1.8K 267
                                    

"ချမ်း~~~"

ပထမဆုံးမြင်လိုက်ရတာက မျက်နှာကျက်တစ်ခုဘာအရောင်လဲတော့သေချာမခွဲနိုင်သေးဘူး။ ဘယ်လောက်ကြာကြာအိပ်ပျော်သွားမှန်းမသိတော့ ဖျတ်ခနဲပွင့်လာတဲ့မျက်လုံးကြွက်သားတွေကရုတ်တရက်အလုပ်လုပ်လိုက်ရတဲ့အပေါ် အသားမကျသေးသည့်အလားကျိန်းစပ်နာကျင်လာရ၏။

"အာ့းး "

ဘုန်းဟန်,မျက်လုံးတွေကိုစုကျုံ့မှိတ်ပစ်လိုက်ရင်းနာကျင်မှုကိုအံတုမိပါသည်။ ထို့နောက် မျက်တောင်တွေကိုပိတ်ကာဖွင့်ကာဖြင့်သုံးလေးကြိမ်မျှပြုပြီးနောက် အဆင်ပြေလောက်ပြီဟုထင်ရသည့်အခါမှာတော့ မျက်ဝန်းတွေဟာအလုံးစုံပွင့်လာခဲ့ပါသည်။ မျက်ဆံကိုဘေးဘီရွှေ့ပြီးစူးစမ်းတော့ ရောက်နေတဲ့နေရာက...

"အားးး"

နေရာကိုသိရဖို့ဦးနှောက်ကိုအလုပ်ပေးတော့တဆစ်ဆစ်ထိုးကိုက်လာခြင်းကသာအဖြေဖြစ်လာသည်။ ဘုန်းဟန်,ထိုးကိုက်နေတဲ့ခေါင်းကိုအုပ်ကိုင်ရန်အတွက်လက်ကိုမြှောက်ကြည့်သော်လည်းအချည်းနှီးသာ။ ထမထိုင်နိုင်သေးသည်မို့ မျက်ဆန်ကိုအောက်စိုက်ကာ စူးစမ်းလေတော့လက်ဖျံတစ်လျှောက်ထိုးသွင်းထားသောဆေးပိုက်မျိုးစုံကိုတွေ့လိုက်ရသည်။ ထိုမှတစ်ဖန် မျက်ဆန်နက်နက်အကြည့်တွေဟာ ခန္ဓာကိုယ်ကိုရောက်လာချိန်မှာတော့ လူနာဝတ်စုံနှင့်ကုတင်ပေါ်လှဲနေရသည်အား ထပ်မံသိရှိလိုက်ရပါတော့သည်။ ဒါဟာ ဘယ်လိုအခြေအနေမျိုးပါလိမ့်။

(ဒါ ငါ့အခန်းဘဲ...ငါကဘယ်လိုတွေဖြစ်နေရတာလဲ)

အတွေးထက်စိတ်မြန်လွန်းသူဟာ လက်ဖျံမှပိုက်တွေကိုအားယူပြီးဆွဲဖြုတ်လိုက်ပါ၏။ ထိုအခါ ထိုးကိုက်လာသောခေါင်းနှင့်အောင့်တက်လာသောဝမ်းဗိုက်နေရာတွေကြောင့် ‌သူကုတင်ပေါ်မှာဘဲမလှုပ်မယှက်နေရင်း မျက်လုံးများမှိတ်ချလိုက်ပြီးဝေဒနာကိုကြိတ်မှိတ်ခံနေလိုက်သည်။

"အား...!!"

အသက်မှန်မှန်ရှုနေရင်းတအောင့်အကြာမှာတွေဝေဒနာတွေလျော့ပါးလာသလိုရှိတာကြောင့်ပိတ်ထားတဲ့မျက်လုံးများကို ဖြည်းဖြည်းချင်းအားယူဖွင့်လိုက်ပါသည်။ ထို့နောက် ခေါင်းစောင်းပြီးတစ်ဖက်သို့အကြည့်မှာ သူမြင်လိုက်ရတာကကုတင်ဘေးဆေးပစ္စည်းတွေတင်ထားရာစားပွဲပေါ်ရှိ စားပွဲတင်ပြက္ခဒိန်လေးတစ်ခု ....ထိုပြက္ခဒိန်ပေါ်မှခုနှစ်၊ လ အညွှန်းကိုတွေ့လိုက်ရသည့်အခါမှာတော့ မျက်လုံးအစုံပြူးကျယ်ကာအံ့အားသင့်သွားရပါလေတော့သည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now