Part-54 (U+Z)

24.2K 1.7K 99
                                    

ပိုက်ကြိုးပေါ်ကအထိန်းအညှိဘီးလုံးလေးကိုအပေါ်အောက်နည်းနည်းရွှေ့ပေးလိုက်ပြီးနောက် ယနေ့ကိုကို့အတွက်လိုအပ်တဲ့အာဟာရပေးခြင်းအမှုအဆုံးသတ်လေ၏။ ထို့နောက် oxygen mask ကိုအသာဆွဲချွတ်ပြီး ကိုကို့နှာခေါင်းလေးနားချမ်း,နားရွက်တစ်ဖက်ကပ်ကာအသက်ရှုသံအားနားထောင်မိသည်။

မျှင်းမျှင်းလေးမှမျှင်းမျှင်းလေး ကြားရတယ်ဆိုရုံလေးကြားနေရတဲ့အသက်ရှုသံလေးဟာကြားနေကျကိုကို့စကားသံတွေအစား ချမ်း,ကျေနပ်နှစ်သိမ့်နေရတဲ့အသံလေးရယ်ပါ။ ချမ်း,ကိုကို့နှာခေါင်းပေါ် oxygen mask ပြန်မတပ်ပေးခင် ကိုကို့ရဲ့ခြောက်သွေ့သွေ့နှုတ်ခမ်းပါးတစ်စုံပေါ် သူ့နှုတ်ခမ်းအကူအညီဖြင့်အနည်းငယ်စိုစွတ်စေလိုက်ပါသည်။ ထို့နောက် maskပြန်တပ်ပေးလိုက်ပြီးနောက် ဆံပင်သပ်တင်ပေးလိုက်ကာ ဆံဦးချွန်နေရာလေးကိုလည်းတစ်ချက်ဖိကပ်နမ်းလိုက်ပါ၏။

(အသက်လေးရှုနေတယ်...ဒါပေမယ့်တိုးတိုးလေးကိုကိုရယ် ကျွန်တော်ကြားရတာမဝဘူး..နောက်နေ့တွေကျရင်ကျယ်ကျယ်လေးရှုသွင်းစမ်းပါဗျ..ဘာလဲ ကိုကိုကအသက်ရှုသံတောင်တွန့်တိုနေပြီလား)

ခန္ဓာကိုယ်အနှံ့ဆေးပိုက်မျိုးစုံနဲ့ကုတင်ပေါ်မှာငြိမ်ငြိမ်သက်သက်လဲလျောင်းနေသူ။ ဆေးနံ့တွေရယ် စက်ပေါင်းစုံမှအချိန်မှန်မှန်ထွက်နေတဲ့တတီတီမြည်သံတွေရယ်ကလွဲပြီး ဤအခန်းထဲတွင်အခြားမည်သည့်ရနံ့ မည်သည့်လှုပ်ရှားသံမှမရှိ။ သို့သော် ယခုလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းက ချမ်း,ဘဝကိုအချိန်မရွေးကမောက်ကမဖြစ်အောင်လုပ်ပစ်နိုင်စွမ်းရှိလေသည်။ ချမ်း,စိတ်ဓာတ်ကိုအမြင့်ဆုံးထိဆွဲခေါ်သွားနိုင်သူ သို့မဟုတ် ဟိုးအဝီစိထိဆွဲချသွားနိုင်သူတစ်ဦး ဤအခန်းထဲဝယ်ငြိမ်သက်စွာရှိနေပါ၏။ ထို့ကြောင့် ဤအခန်းသည်အကျယ်လောင်ဆုံးတိတ်ဆိတ်ခြင်းမျိုးနဲ့ ချမ်း,အားခြောက်ခြားစေသည်ဆိုလည်းမှားမည်မထင်။

ချမ်း,အခန်းပတ်ပတ်လည်ရှိပိတ်ထားသောအချို့လိုက်ကာများအား အလင်းရောင်ရစေရန်အလို့ငှာဆွဲဖွင့်လိုက်ပါ၏။ ကိုကို့ခန္ဓာကိုနေအလင်းရောင်တိုက်ရိုက်ကျစေရန်လည်းရည်ရွယ်ပါသည်။ ဆယ်မိနစ်ခန့်အလင်းရောင်ရစေမည်။ ပြီးလျှင်ပြန်ပိတ်မည်။ ခေတ်မီဆေးဝါးတွေဘယ်လောက်ကောင်းကောင်း သဘာဝကုထုံးတော့လိုအပ်သေးသည်မဟုတ်ပါလား။ ထို့နောက် ချမ်း,ကိုကို့ကိုရေပတ်တိုက်ပေးဖို့လိုအပ်သည်များပြင်ဆင်ရန်အတွက် ဤအခန်းထဲရှိမီးဖိုခန်းလိုနေရာမျိုးထဲလှမ်းဝင်ခဲ့ပါ၏။ "ချမ်းဟန်" ဆေးရုံ၏ဗီအိုင်ပီခန်းသတ်မှတ်ထားသော ဤအခန်းသည်ဇိမ်ခံဟိုတယ်ခန်းတစ်ခု၏ဖွဲ့စည်းပုံအတိုင်းရှိနေပါ၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now