Part-32- Heavenic (Uni)

40.2K 2.4K 1.3K
                                    

ညကစောစောအိပ်ပျော်သွားလို့ထင်တယ်။ ချမ်း,နိုးလာတော့မနက်၆နာရီတောင်မထိုးသေးဘူးဗျ။ ကိုကိုကတော့ငယ်ငယ်တုန်းကလိုဘဲ ကျွန်တော့်ကိုခြေတွေလက်တွေနဲ့ခွဖက်ထားပြီးအိပ်ပျော်နေတုန်း။ ညကအိပ်ပျော်သွားတဲ့အတိုင်း နိုးလာတော့လည်းဒီတိုင်းဆိုတော့ အိပ်နေတုန်းနည်းနည်းလေးတောင်မလှုပ်တဲ့သဘောပေါ့။

မျက်လုံးရှေ့မှာမြင်နေရတဲ့ရင်အုပ်ကို နမ်းမွှေးလိုက်ပြီးအသာရုန်းထွက်လိုက်၏။ ပြေလျော့နေတဲ့လက်အစုံကြောင့် ချမ်း,လွယ်လွယ်ကူကူဘဲထထိုင်လိုက်နိုင်ပါသည်။ လက်တစ်ဖက်ကကုတင်ပေါ်အားပြုထောက်ကာ ပုံ့ပုံ့လေးထိုင်ရင်းခေါင်းစောင်းပြီးအိပ်နေသူကိုငေးကြည့်နေမိသည်။

(အိပ်နေတဲ့အချိန်ဘဲငယ်ငယ်ကကိုကိုလို့ခံစားရတယ်..အခုကိုကိုကအများကြီးပြောင်းလဲသွားတယ်...ပြီးတော့မကြာခင်မှာကျွန်တော့်ရဲ့ခင်ပွန်းဖြစ်လာတော့မှာပေါ့)

ကိုယ့်ဘာသာကိုတွေးပြီးကိုယ့်ဘာသာကိုရှက်နေတဲ့ကောင်လေးမှန်းသိသာစေတာက မျက်နှာပေါ်မှာဖြစ်တည်လာတဲ့ရှက်ပြုံးလေးတွေကြောင့်ပါ။ ထိုအပြုံးလေးတွေကတစ်ခဏလေးအတွင်းမှာဘဲအုံ့မှိုင်းကျသွားပြန်တယ်။ အုံ့မှိုင်းကျသွားတဲ့အကြောင်းအရင်းကမေမေဆိုတဲ့အတွေးစလေး။

ညှိုးရော်သွားတဲ့မျက်နှာလေးကကုတင်ပေါ်ကနေ လိုက်ကာပိတ်တစ်ဝက်ပွင့်တစ်ဝက်ဖြစ်နေတဲ့မှန်နံရံတွေဆီအကြည့်အရောက် ‌ လာရောက်ထိမှန်နေတဲ့မိုးစက်ပေါက်တွေကြောင့်အတွေးတချို့ဝင်
ရောက်လာပြန်ပါသည်။

(ဟင်!!! ဝါမှမကျွတ်သေးတာ...အဲ့ဒါကိုဘာကိုလက်မှတ်ထိုးမှာလဲ)

အတွေးတို့မဆုံးခင်သိလိုစိတ်ကကြီးစိုးလာတာကြောင့်...အိပ်နေသူကိုအတင်းလှုပ်ယမ်းနှိုးမိ၏။

"ကိုကို...! ကိုကို ထဦး...ကိုကို ထပါဦးဆို!"

"ဟင်...အင်း အင်း အင်း.....ကျွတ်ကျွတ်ကျွတ်"

နိုးတစ်ဝက်လူက တအင်းအင်းအသံပြုရင်း..ချမ်း,ကျောပြင်တွေကိုလှမ်းကုတ်ပေးလာတယ်။ သိတာပေါ့...ဒီအပြုအမူကငယ်ငယ်ကသူအိပ်လို့မရလို့ဂျီတိုင်း ကိုကိုကကျောပြင်ကိုကုတ်ပေးတဲ့အခါဇိမ်ယူရင်းအိပ်ပျော်သွားတတ်တဲ့ရင်းနှီးပြီးသားအမူအကျင့်တွေဘဲဟာ။ ဒါပေမယ့်အခုအိပ်လို့မရလို့မှမဟုတ်တာ။ ချမ်း,ကုတ်ပေးနေတဲ့လက်ကိုဆွဲယူလိုက်ကာ ဆတ်ခနဲကိုက်ချလိုက်၏။ ထိုအခါမှအလန့်တကြားငုတ်တုတ်ထထိုင်လာပြီး...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now